အမှတ်တမဲ့မှသည် (married life)

628 50 8
                                    


အမှတ်တမဲ့မှသည်
married life (အပိုင်း ၁၃)

💞 💞 💞 💞 💞

ရုံးက ပြန်လာတာအကောင်းသား ဒါပေမယ့်
အိမ်နားရောက်ခါနီးလေ Gulf  ရင်ဘတ်က
စူးကနဲ့ဖြစ်လေနဲ့  ခံစားလိုက်ရတယ်  ..

" အ ! ..

ခြံထဲ ကား‌ကွေ့ဝင်နေရင်း အသက်ရူမှားမတပ်ရင်ဘတ်အောင့်သွာတာနဲ့
Gulf သူ့ရင်ဘတ်ကိုဖိနှိပ်ထားလိုက်တယ် ..

" အ ! အား ..

သူ့ရင်ဘတ်သူဖိ ကားကို ဖြစ်သလိုရပ်ခဲ့ပြီး
ဒယ်ိုင်းဒယိုင်နဲ့ Gulf အိမ်ထဲဝင်လာခဲ့တယ် ..

ဆေး , ဆေးဗူး !!

ဆေးဗူးက အိပ်ခန်းထဲမှာ  ..

မျက်လုံးတွေပြာဝေပြီး ပြင်ပလေကို 
Gulf အငမ်းမရ ရူရိုက်နေရတယ် ..

" အ !!

စူးအောင့် နာကျင်သွားတာနဲ့အတူ
Gulf အိပ်ယာဘေးကို  ဝုန်းခနဲ လဲကျ
သွားတယ်

" P'MEW..  !!

တီးတိုရေရွတ်သံနဲ့အတူ လဲကျသွားတဲ့
Gulf သတိလစ်မေ့မြောလို့သွားတော့တယ် ..


Gulf အိမ်ပြန်ရောက်ပြီးလာမသိဘူး !!

အတွေးနဲ့အတူ MEW  ဖုန်းခေါ်လိုက်တယ် ..

တူ..  တူ .. တူ

တူ .. တူ .. တူ

ဖုန်းမြည်နေပေမယ့် Gulf ဖုန်းမကိုင် ..

အလုပ်မပြီးသေးလို့များလား !!

Champ ဖုန်းကို သူ ထပ် နှိပ်လိုက်တယ် ..

"  Hello Champ .. "

" Gulf  အဲဒီမှာလား "

" ပြန်သွားပြီ ဟုတ်လား ကြာပြီလား "

" အိုကေ ကျေးဇူးပဲ Champ "

ပြန်သွားတာ တစ်နာရီလောက်တောင် ရှိနေပြီ
ဆိုတော့ အိမ်ပြန်ရောက်လောက်ပြီ ..

ဒါဆို  ဘာလို့ ဖုန်းမကိုင်တာလည်း !
ရေချိုးခန်းဝင်နေလို့များလား !!!

စိတ်ပူတာနဲ့အတူ MEW စိုးရိမ်သွားရတယ် ..

တစ်ခါတစ်လေ  ရောဂါလက္ခဏာ
မပြတတ်ဘူးဆိုတဲ့ ဆရာဝန်စကား
ကြားပြီးတည်းက ခုတလော Gulf ကို
သူ အချိန်ပြည့် သတိထားနေရတယ် ..

အမှတ်တမဲ့သည် (married life)Where stories live. Discover now