အမှတ်တမဲ့မှသည် (married life)

549 42 4
                                    

အမှတ်တမဲ့မှသည် married life (အပိုင်း ၁၁)

💞 💞 💞 💞 💞

သတင်းကြေငြာတဲ့ ထိုင်ခုံကနေ
Gulf ထ လိုက်ချိန်မှာတော့ အသက်ရူကြပ်ပြီး
သူ ခွေခနဲ့ လဲကျသွားတယ် ..

" ဟာ ! Gulf ..

Champနဲ့အတူ အနားမှာရှိနေတဲ့လူတွေ
အားလုံး Gulf အနား ဝိုင်းအုံသွားကြတယ် ..

လဲကျမတပ်ဖြစ်နေတဲ့ Gulfကို Champ အပြေးပွေ့ပိုက်လိုက်တယ် ..

" Gulf, Gulf  ဘာဖြစ်တာလဲ "

တစ်ကိုယ်လုံး ‌အေးစက်ပြီး သတိမေ့မတပ်
ဖြစ်နေတဲ့ Gulf လက်ကို Champ စိုးရိမ်တကြီးနဲ့ကိုင်လှုပ်လိုက်တယ် . 

" Champ ငါ အသက်ရူလို့မရဘူး ငါ ... "

ပြောနေရင်းနဲ့ Gulf သတိမေ့သွားတော့တယ်

" Gulf, Gulf ..  အမြန် အမြန် ..
တစ်ယောက်ယောက် အရေးပေါ်ကို
ဖုန်းဆက်ပေးကြပါ  "

" P'Champ  ကျမဆက်လိုက်မယ် "

လန့်ပြီး ကြောင်ငေးနေတာကနေ သတိရပြီး
တီနာ အရေးပေါ်ကို ဖုန်းဆက်လိုက်တယ် ..

" Hello  ဒီမှာ  ... "

နာရီဝက်လောက်အကြာမှာတော့ လူနာတင်ကားရောက်လာပြီး Gulf ကို
သယ်သွားကြတယ်

" လူနာရှင် ဘယ်သူလိုက်မှာလဲ "

" ကျတော်လိုက်ခဲ့မယ် တီနာ သူဌေးကို
ညည်း အကျိုးအကြောင်းပြောပြလိုက် "

" ဟုတ်ကဲ့ "

Gulf ကို သယ်ဆောင်သွားတဲ့
လူနာတင်ကားနဲ့အတူ Champ လိုက်သွားလိုက်တယ် ..

အောက်စီဂျင်ပိုက် တန်းလန်းနဲ့ ဖြစ်နေတဲ့ Gulfကို ကြည့်ရင်း  MEW ကို  ဖုန်းဆက်
ရမလား Champ  တွေးလိုက်မိတယ် ..
ဒါပေမယ် ဆေးရုံရောက်လို့ သေချာအကျိုးအကြောင်း သိမှပဲ ဆက်တော့မယ်လို့
သူ တွေးလိုက်တော့တယ် ..

ဆေးရုံရောက်တာနဲ့ Gulf အနား ဆရာဝန်‌တွေ ဝိုင်းသွားကြတယ် ..

" လူနာရှင် အပြင်ဘက်မှာ စောင့်နေပေးပါ "

အရေးပေါ်ခန်းအပြင်မှာ Champ ထိုင်စောင့်
နေလိုက်တယ် ..

‌တော်တော်ကြာတော့
ဆရာဝန်ထွက်လာတယ်

အမှတ်တမဲ့သည် (married life)Where stories live. Discover now