အမှတ်တမဲ့မှသည် (married life)

736 49 1
                                    


အမှတ်တမဲ့မှသည်
married life (အပိုင်း၁၅)

💞 💞 💞 💞 💞

" မဲ့ ကျတော် လာတယ် "

Gulf  မိဘတွေ အိမ်ရှေ့ကားရပ်ပြီးတာနဲ့
MEW  အိမ်ထဲကို အသံပေးလိုက်တယ် ..

" MEW လာ အိမ်ထဲ .."

ဒေါ်အဲလစ် ထွက်လာပြီး ဧည့်ခန်းမှာ
ထိုင်လိုက်ကြတယ် ..

" Gulf  ဘယ်လိုလည်း MEW "

" တော်တော် ကောင်းလာပါပြီ  မဲ့ "

Gulf သတိရပြီး နောက်ရက်မှာတော့
နှစ်ဘက်ကမိဘတွေ ဆေးရုံသွားခဲ့ကြတယ် ..

"ကျတော် နေကောင်းလာပါပြီ မဲ့နဲ့ မာမီတို့
ခဏ ခဏ မလာပါနဲ့ ပင်ပန်းတယ် "

အဲဒါကြောင့်ပဲ  သူတို့ ဆေးရုံကို
ထပ်မသွားတော့အိမ်ကပဲ  နေ့တိုင်း
ဖုန်းနဲ့ သတင်းမေးကြရတယ်

" ကိစ္စရှိလား
MEW  အလည်သက်သက်လား"

Gulf မပါရင် ကိစ္စမရှိရင် သိပ်ပြီး
အိမ်မလာတတ်တဲ့  MEW အကြောင်း
ဒေါ်အဲလစ် သိနေရတယ် ..

" ကိစ္စရှိလို့ မဲ့ ပြီးတော့ မဲ့တိုကို 
ကျတော်အကူအညီတောင်းစရာ ရှိလို့ပါ "

" မဲ့တို့က မိသာစုတွေ
ပြောစရာမလိုပါဘူးကွယ် "

" ကျေးဇူးတင်ပါတယ် မဲ့ . 
တခြားတော့မဟုတ်ပါဘူး Gulf  ဆေးရုံက
ဆင်းရင် ကျတော် သူ့ကို အိမ်မှာ
တစ်ယောက်ထဲထားခဲ့ရမှာ စိတ်မချလို့  ..
အဲဒါ ဒီမှာ ကျတော်တို့နှစ်ယောက်  ခဏ
လာနေချင်လို့  "

" ဪ ဒါများ လာနေပေါ့ကွယ် 
သူ့အခန်းလည်းဒီအတိုင်း ပဲ .. "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မဲ့ ..
မာမီတို့ အိမ်မှာနေလည်း ရပေမယ့်
Gulf  စိတ်ကျဉ်းကျပ်နေမှာစိုးလို့  "

" ရပါတယ် MEW  ရယ်
ဒီလောက်ပြောနေစရာမလိုပါဘူး ..
Gulf  ဒီမှာနေတာလည်း ကောင်းပါတယ် . 
အဲဒီကောင်လေးက ခေါင်းမာမာရယ် "

" အဲဒါဆို ကျတော် နောက်ရက် ပစ္စည်းတွေ
နေရာလာချအုန်းမယ် မဲ့ "

" အင်း သား အဆင်ပြေသလိုလုပ်
မဲ့ တို့ကို ဘာမှ အားနာနေစရာမလိုဘူး "

အမှတ်တမဲ့သည် (married life)Where stories live. Discover now