အမှတ်တမဲ့မှသည်( married life)

896 53 8
                                    

အမှတ်တမဲ့မှသည်
married life (အပိုင်း ၁၀)

💞 💞 💞 💞 💞

ဒီရက်ပိုင်း MEW နဲ့ Gulf တို့ တစ်အိမ်ထဲ
နေရင်းတစ်ယောက်နဲ့တစ်ယောက်
စကားသိပ်မပြောဖြစ်ခဲ့ကြတယ် .

အားကစားရာသီဖြစ်နေတော့  Gulf ကလည်း မနက်ဆို  အစောကြီးရုံးသွား ညနေကိုတော့
နောက်ကျရင်ကျ ဒါမှမဟုတ်
စောစောပြန်ရောက်ပြန်ရင်လည်း 
ပင်ပန်းတာနဲ့ ရေချိုးပြီးအိပ်ယာဝင်ခဲ့
တော့တယ် . 
MEW ဘယ်အချိန်ပြန်ရောက်မှန်း
သူမသိတော့ ..

ဒီလိုနဲ့ မနက်ရောက်လာပြန်တော့
သူ မနက်စာပြင်ပြီးတာနဲ့ ရုံးသွားဖို့ ပြင်ဆင်
မနိုးသေးတဲ့ MEWကို အနမ်းပေး
ရုံးထွက်လာနဲ့ ..

MEW နဲ့ Gulf တို့
ကောင်းကောင်းမျက်နှာချင်း
မဆိုင်ဖြစ်ကြတယ် ..

သူအိပ်ယာကနိုးတော့ Gulf မရှိတော့ ..

ဒီရက်ပိုင်း Sam အလုပ်ကိစ္စ သူ လိုက်ပြီး
ကူညီနေတာနဲ့  အမြဲ အိမ်ပြန်နောက်ကျ
နေရတယ်

သူရောက်တဲ့ အချိန်ဆို Gulf က
အိပ်ပျော်နေပြီ
သူစောစောပြန်ရောက်ပြန်တော့ Gulfက နောက်ကျမှ ပြန်ရောက်လာပြန်တယ် ..

မနက်ကျတော့ သူမနိုးခင် Gulfက အရင်
ထွက်သွားနှင့်ပြီ ..

အစ်ကိုတစ်ယောက်လိုခင်မင်ရင်းနှီးပြီး
သူ့မိဘတွေနဲ့ပါ ခင်မင်နေတော့Sam ကိစ္စ
မှန်သမျှ MEWသူတတ်နိုင်တာမှန်သမျှ
ကူညီ‌ နေမိတယ် ..

ကိုယ့် အလုပ်ကိစ္စကိုယ်ပြေးရလုပ်ရ
Samခေါ်တဲ့နောက် လိုက်ရနဲ့  Gulf ကို
MEW လှည့်မကြည့်နိုင်ဖြစ်နေရတယ် ..
ဖြစ်နိုင်ရင်  Sam အလုပ်တွေ သူ မြန်မြန်ပြီးချင်နေမိတယ်.. 

Gulf ကိုဂရုမစိုက်ပဲပစ်ထားသလို
ဖြစ်နေတယ်လို့တွေးမိတိုင်း 
MEW စိတ်မကောင်းဖြစ်သလို ခံစား
နေရတယ် .. 

" အိုကေ အားလုံးပြီးသွားပြီး 
ကျေးဇူးအထူးပဲ MEW မင်းကြောင့်
ငါ ဒီလို အဆင်တပြေနဲ့ အမြန်ဆုံး
အလုပ်လုပ်နိုင်တာ"

နောက်ဆုံးတော့ MEW အမြန်ပြီးချင်နေတဲ့
Samရဲ့ အလုပ်တွေ ပြီးစီးသွားခဲ့တယ် ..

အမှတ်တမဲ့သည် (married life)Where stories live. Discover now