အမှတ်တမဲ့မှသည် (married life)

750 54 1
                                    


အမှတ်တမဲ့မှသည်
married life  (ဇာတ်သိမ်း)

💞 💞 💞 💞 💞

" ကျတော်တို့ လက်ထပ်ပြီး ခရီးထွက်ခဲ့တာ "

" အင်း ဘာဖြစ်လို့လည်း သွားချင်လို့လား "

" သွားလို့ရမလား ဟင် "

" ရတာပေါ့ ဘာလို့ မရရမှာလည် "

သူ့ရင်ခွင်ထဲက  မျက်လုံးလှန်ပြီးမေးလိုက်တဲ့
Gulf မေးစေ့‌ကို MEW ချစ်စနိုးနဲ့ ကိုင်လှုပ်
လိုက်တယ် ..

" အဲဒါဆို ကျတော်
အလုပ်မဝင်ခင် သွားချင်တယ် "

" အိုကေဗျာ "

ကလေးလို သူ့ကို ချွဲနေတဲ့ Gulf ခေါင်းကို
ထိုးဖွကြည်စယ်ရင်း MEW သဘောကျ
မိနေတယ်

Gulf အပြုံးတွေ သူ့ရယ်သံတွေ
စကားသံတွေဒီလို ကြားနေရတာ
သူ့အတွက် စိတ်ချမ်းသာမိရတယ်  ..

သူ့မျက်နှာဘက်လှည့်ပြီး မျက်လုံးမှိတ်
ငြိမ်နေတဲ့ Gulfကို ကြည့်ရင်း သူ့ရင်ထဲ
ချစ်စိတ်တွေ တဖွားဖွားဖြစ်လာရတယ်  ..

" Nong  !

" ဟင် ..

Gulf မျက်လုံးမှိတ်ထားရင်း
ပြန်ထူးလိုက်တယ်

" အနားတိုးခဲ့အုန်း "

သူပြောတဲ့အတိုင်း မျက်လုံးမှိတ်ရက်နဲ့
သူ့မျက်နှာနားတိုးကပ်လာတဲ့ Gulf ကို
ပြုံးရင်း ခေါင်းကိုဆွဲပြီး သူ့နှုတ်ခမ်းကို
MEW  စုပ်နမ်းလိုက်တယ် ..

" အွင့် .. "

ပူနွေးပြင်းရှတဲ့ အထိအတွေ့ခံစားလိုက်ရမှပဲ
သူ အညာမိသွားမှန်း Gulfသဘောပေါက်
တော့တယ် ..

" P'MEW "

MEW  ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပေမယ့်
Gulf လက်တွေက ငြင်းဆန်တဲ့
အားမပါတယ် ..

MEWပုခုံးကို သူ့လက်နှစ်ဘက်နဲ့
ပြန်ဆုပ်ကိုင်ရင်းစိတ်ပါလက်ပါနဲ့
Gulf တုံ့ပြန်နမ်းရှိုက်လိုက်တယ်

နှုတ်ခမ်းသားတလွှာချင်း အရသာခံ
နမ်းစုပ်ရင်း နှစ်‌ယောက်သား ဆန္ဒ
သွေးရိုင်းတွေက တငွေ့ငွေ့နဲ့
ခန္ဓာကိုယ်ထဲ ဆူပွက်လာကြတယ် ..

အမှတ်တမဲ့သည် (married life)Where stories live. Discover now