အမှတ်တမဲ့မှသည်( married life)

611 47 5
                                    

အမှတ်တမဲ့မှသည်
married life (အပိုင်း ၁၂)

💞 💞 💞 💞 💞

အုပ်ထိန်းသူပါခေါ်လာရန်ဆိုတဲ့ 
မှတ်ချက်နဲ့အတူ

Gulfရဲ့ ဆေးမှတ်တမ်းတွေကိုင်ကြည့်ပြီး
MEW ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်
ထိုင်ရက် ပြုတ်ကျသွားရ တော့ တယ် ..

" Gulf !!  ..

MEW  သူ့ရင်ဘတ်ကို သူ လက်နဲ့သူ
ဖိထားလိုက်တယ်  ..
ဆို့တက်လာတဲ့ ဝမ်းနည်မှု့က  MEW ကို
နာကျင်သွားစေတယ် ..

" ကျတော် ရင်ဘတ်အောင့်နေလို့  "

" မင်း အရမ်းသောက်တာကိုး "

" Gulf မင်း ပိန်သွားသလိုပဲ "

" ကျတော် အလုပ်များနေလို့ပါ

" ကျတော် ဗိုက်သိပ်မဆာလို့ P'MEW "

Gulf ဒီလို‌တွေပြောပြီး  အပြုအမူအရာတွေ
ပြောင်းလဲနေတာ သူ တွေ့မြင်နေရဲ့သားနဲ့
သူ ဂရုမစိုက်ခဲ့မိတာ ..

ပြီးတော့ ..

ဟို မနက်အစောကြီး ရေချိုးခန်းထဲ
ရောက်နေတာကရော
သူ ဝေဒနာခံစားနေရလို့မဟုတ်ဘူးလား ..

ရေချိုးခန်းက ထွက်လာတော့
Gulf မျက်နှာပျက်နေတာ မြင်ရဲ့သားနဲ့
သူ သတိမထားခဲ့တာ

အစားအသောက်သိပ်မစားတော့တာ ..

ဒါတွေ ဒါတွေ သူမြင်တွေရဲ့သားနဲ့
ဂရုမစိုက်ခဲ့တာ ..

ဒါဆို ဟိုတစ်ညက ..

" ကျတော် ဟို နှစ်ရက်က ... ဆေး .. "

Gulf အဲဒီတုန်းက သူ့ရောဂါအကြောင်း
ပြောပြဖို့လုပ်ခဲ့တာပါလား . ..

ငါ ငါ  Gulf အပေါ် ဘယ်လိုတွေ .. !!

MEW မင်း ဘယ်လိုလူလည်းကွာ  .. ဟင်
Gulfကို မင်း အဲလိုတွေဖြစ်တဲ့အထိ
ဂရုမစိုက်ပဲ
ဘာတွေကအရေးကြီးနေတာလည်း ..  !!

အိပ်ယာကုတင်ဘောင်ကို မှီချရင်း
သူ့မျက်နှာကိုသူ့လက်နှစ်ဘက်နဲ့အုပ်ပြီး MEW ငိုချလိုက်တယ်

" Gulf  မင်းကို သနားလွန်းလို့
ကိုယ် ဘယ်လိုလုပ်ရမလဲ ကွာ "

သူတစ်ယောက်ထဲ ဒီဝေဒနာကြီးကို
ဘယ်လောက်တောင် ကြိတ်မှိတ်ခံစားခဲ့ရမလဲ

အမှတ်တမဲ့သည် (married life)Where stories live. Discover now