အမှတ်တမဲ့မှသည် married life (အပိုင်း ၃)
💞 💞 💞 💞 💞
" Gulf သူဌေး ခေါ်နေတယ် "
" ဘာတဲ့လည်း Champ "
မသိဘူးဆိုတဲ့ပုံစံနဲ့
Champ လက်ခါပြလိုက်တယ်ရုံးရောက်တာနဲ့ သူ့အလုပ်တွက်
ပြင်ဆင်နေတုန်းသူဌေးခေါ်တယ်ဆိုတာနဲ့ Gulf စိတ်ရှုပ်သလို ဖြစ်သွားမိတယ် .အရင်သူဌေးလက်ထဲကနေ ဦးရောဘတ်
ဆိုတဲ့လူမျိုးစပ်တစ်ယောက် လက်လွှဲယူပြီးနောက်ပိုင်း Gulf တစ်ခါတစ်လေ
စိတ်ညစ်စရာတွေ ဖြစ်လာရတယ် ..ဦးရောဘတ် ဆိုတာ အိမ်ထောင်သည်အမျိုးသားမိန်းမနဲ့ကလေးနဲ့ တင့်တယ်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက် ..
ဒါပေမယ့် ဦးရောဘတ်ဟာ စိတ်ဓာတ်
ချို့တဲ့သူ တစ် ယောက်လို့ သူမြင်မိတယ် .. ယောက်ျားလေး မိန်းကလေးငယ်ငယ်တွေ့ရင် ထိကပါးရိကပါး လုပ်ချင်တတ်တယ် ..သူဌေးဆိုတဲ့ ဂုဏ်သိက္ခာနဲ့မနေတတ်သူ ..
Gulf သူ့ကိုတွေ့ရင်လည်း ပုခုံးပုတ် ခေါင်းကိုင်နဲ့လုပ်ချင်တတ်တယ် ..
Gulf သူကလည်း ကိုယ့်အလုပ်ရှင်သူဌေးမို့
သည်းခံအောင့်အီးနေပေမယ့် ဦးရောဘတ်ရဲ့
အကျင့်ကိုမကြိုက်လို့ အလုပ်ကိစ္စကလွဲရင်
ခပ်မှန်မှန်ပဲ နေလာခဲ့တယ် .." သွားလိုက်အုန်းမယ် Champ "
" ငါ လိုက်ခဲ့ရမလား "
" နေပါ ရပါတယ် "
မလှမ်းချင် လှမ်းချင် ခြေလှမ်းတွေနဲ့
သူဌေးအခန်းရှိရာ Gulf လာခဲ့လိုက်တယ် .." ဒေါက် .. ဒေါက် ..
" ဝင်ခဲ့ပါ ..
" Gulf လာ .. ထိုင်ပါအုန်း "
ဦးရောဘတ် အခန်းထဲရောက်တော့
သူတစ်ယောက်ထဲ မဟုတ်ပဲ ခေတ်မှီတဲ့
အပြင်အဆင်နဲ့ မိန်းမငယ်လေးတစ်ယောက်အတူထိုင်နေတာပါ Gulf တွေ့လိုက်ရတယ် .." အန်ကယ် ,
ကျတော်ကို တွေ့ချင်တယ်ဆိုလို့ "" အေးကွ , ဒီမှာ ဒါက အန်ကယ့်တူမ
တီနာတဲ့ သူက ဒီမှာ အလုပ်လုပ်ချင်လို့ အဲဒါ"
YOU ARE READING
အမှတ်တမဲ့သည် (married life)
FanfictionMEW နဲ့ Gulf ရဲ့ နှစ်နှစ်ကြာပြီးနောက် အိမ်ထောင်သည်ဘဝ သူတို့နှစ်ယောက်ကြား ဘယ်သူတွေဝင်လာအုန်းမလဲ ပြီးတော့ ဘယ်လိုမျိုးတွေ ဖြစ်လာကြမလည်းဆိုတာ ..