🐰🐯💗

488 38 2
                                    

*Zawji

တစ်နေ့မိုးသောက်တိုင်း ရင်ခုန်ခြင်းတို့က hyungရဲ့ ခေါင်းနီနီလေးကနေစတင်တယ် ' မနက်ခင်းရဲ့ နေရောင်ခြည်တွေထဲ  hyung၏ ခေါင်းနီနီလေးကို လက်ထိပ်ဖျားနဲ့ထိုးဖွခွင့်ရတာမျိုးက ဘာနဲ့မှ လဲမပစ်နိုင်သော ကျွန်တော့်ရဲ့ အေးမြရာ ။

ခဏခဏ ခေါင်းမလျှော်တတ်တာတောင် အစ်ကို့ရဲ့ဆံပင်နီနီတွေက ထိုးဖွမိလိုက်တာ လက်ပြန်မထုတ်ချင်လောက်အောင်ထိ နူးညံ့ပြီးထိ‌တွေ့လို့ကောင်းနေတာမျိုး ။ ယောက်ျားလေးတော်တော်များများမှာ
ရှိတတ်တဲ့ ဆံသားလုံးထူထူတို့နဲ့ မတူညီစွာ အစ်ကို့ဆံပင်လေးတွေက နူးညံ့လှသည်။

" Ahh... ကိုယ့်ဆံပင်တွေကို ဆက်မဆော့နေလို့မရဘူးလား ယောင်းရေ" ဆိုတဲ့ hyungရဲ့ ခပ်စူးစူးအသံက ကျွန်တော့်အတွက်တော့ ဘဝမှာကြားဖူးသမျှ အသံတွေအားလုံးထဲ အချိုဆုံးရယ်လို့ ထင်မိတဲ့
သာယာသံပါပဲ ။

" ဖျော်ဖြေပွဲကို ကိုယ်နဲ့လိုက်ခဲ့မှာလား "

သူ့ခေါင်းနီနီထဲ ထိုးဖွနေတဲ့ ကျွန်တော့်လက်တွေကို သူ့လက်နှစ်ဖက်နဲ့ဆွဲချကာ သေချာလေးဆုပ်ကိုင်ရင်း တိုးဖွဖွ hyungက မေးသည်။
မတုံ့မဆိုင်းခေါင်း‌ငြိမ့်ခြင်းနဲ့အတူ တက်ကြွစွာ လိုက်မယ့်အကြောင်း ကျွန်တော်ဖြေမှာကိုတော့ ခင်ဗျားတို့ မြင်မနေရလည်း သိကြမယ်မဟုတ်လား ။

" အရင်က ယောင်းငယ် ပြောတော့ သီချင်းသံတွေ
မကြိုက်ဘူးဆို"

" အင်း ဟုတ်တယ်' ဒါပေမဲ့ ဂစ်တာခေါက်ရင်း
သံစဉ်ညည်းမဲ့ hyungပုံစံနဲ့ hyungသီချင်းတွေ
ကိုတော့ မြင်လည်းမြင်ချင်သလို ကြားလည်းကြားချင်တယ် "

ဂီတကို ထဲထဲဝင်ဝင်ဘာမှသိပ်မသိသော်ညား hyung ဆိုပြနေကျ သံစဉ်လှလှတွေကိုတော့နှလုံးသားတစ်ခုလုံးရင်းကာ တစ်သက်လုံးတွက်တာ မနေမနား နားစဉ်ချင်သည် ။
ဖြေစကားကိုကြားရတော့ ချိုမြမြအပြုံးတစ်ခုက
hyungရဲ့ နှုတ်ခမ်းကြားတွဲခိုလို့ ။
ထို့နောက် ဆုပ်ကိုင်ထားမိတဲ့လက်တွေကို တင်းကြပ်စွာ ပြီးတော့ မြဲမြံနေအောင်ဆုပ်ကိုင်ရင်း သက်ပြင်းဖွဖွပြုသည်။

" ယောင်းလေးသိတယ်မလား ကိုယ်ဆီက
အရာအားလုံး ဆုံးရှုံးရမယ်ဆိုရင်တောင်
ယောင်းလေးကိုတော့ မဆုံးရှုံးချင်ဘူး "

You've reached the end of published parts.

⏰ Last updated: Aug 26, 2022 ⏰

Add this story to your Library to get notified about new parts!

Strawberry Ttokie (Yoshi _ Doyoung)Where stories live. Discover now