Zawgyi
16 နှစ်အရွယ်မှာ ရုတ်တရက် ရင်ခုန်ခဲ့တာကို မသေချာမရေရာခြင်းကို စိတ်ကစားတာလားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ဖူးသည် ။ တူညီသောအရာ တစ်ခု ပိုင်းခြားထားသည့် စည်း တစ်ခုမှာ သူဟာ မျိုးတူ ယောကျာ်းလေး တစ်ယောက် ကို ရင်ခုန်နေသည်တဲ့ ။ သေချာ စမ်းစစ်ကြည့်သည့်အခါမှာတော့ သူဟာ ယောကို ချစ်နေခဲ့သည် ။ ချစ်နေပြီဆိုကတည်းက ပိုင်ဆိုင်မှုဆိုသည့် အတ္တ အနည်းငယ်တော့ပါသည် ။ ယောကို ချစ်သည် ။ ယောကို ပိုင်ဆိုင်ချင်သည် ။ သို့သော် သူချစ်နေတဲ့ လူဟာ ယောက်ျား တစ်ယောက် ဖြစ်နေသည် ။ သူသိတဲ့ အချိန်မှာပဲ တူညီခြင်းဆိုတဲ့ အရာဟာ ယောဆီကိုရောက်အောင် ရှေ့ဆက်တိုးချင်ပေမဲ့ ပိတ်ပင်တားဆီထားသည့်အရာ ဖြစ်နေခဲ့ပြီ ။
ဝုန်း
သဲအိတ်ကို ဆက်တိုက်တိုးနေရင်းမှ အခန်းထဲ ဒေါက်ဖိနပ်အသံကိုကြားလိုက်ရသည် ။
"ခန့် တစ်ယောက် တည်း လေ့ကျင့်နေတာလား ။ "
နန်းခမ်းဆိုတဲ့ မိန်းကလေး ရဲ့ အသံဖြစ်သည် ။ ရိုးရိုးယဉ်ယဉ်ဝတ်စားတတ်ပြီး အိန္ဒြေ သိက္ခာတွေ နှင့် ပြည့်စုံသည့် မိန်းကလေး ။ မျိုးရိုးမြင့် အသိုင်းအဝိုင်းကြီးထဲက ပေါက်ဖွားသူပင်ပင် အပြောအဆို ၊ အနေအထိုင်ကအစ သိမ်မွေ့လွန်းသည် ။
"ခန့်... ။ "
နာမည်ခေါ်သံနှင့်အတူ ရေတစ်ဗူးကလည်း အဆင်သင့် ။ လှမ်းယူလိုက်ရင်း ရေသောက်တော့ ခုံပေါ်မှ တဘတ်ကိုလှမ်းယူပေးကာ ချွေးသုတ်ပေးဖို့ပြင်သည် ။ ခန္ဓာကိုယ် ကို နောက်ရို့လိုက်တော့ ရှက်သွားသည်ထင် ရယ်ပြလာ၏
"မနေ့ကညနေက ခန့်နိုင်သွားတာ နန်းခမ်း အရမ်းပျော်တာပဲ ။ အခုရော လေ့ကျင့်ပြီးပြီလားဟင် ။ နန်းခမ်းနဲ့ အပြင်မှာတစ်ခုခုသွားစားရအောင် ။ စကားလည်းပြောရင်း.. ။ "
တစ်ချက်ပြုံးရင်း ဆံပင်ကိုနားနောက်သို့အရှက်ပြေသပ်တင်သည် ။ နန်းခမ်းက ပွင့်ပွင့်လင်းလင်း စကားပြောတတ်သည် ။ စကားပြောရင်လည်း အပြုံးနုနုလေးတွေကမပါမဖြစ် ။ မိန်းကလေး တစ်ယောက် မှာ ရှိသင့်ရှိထိုက်သည့် အရည်အချင်း ၊ သိက္ခာတရား ၊ အိန္ဒြေ ။ စီးပွားရေး တက္ကသိုလ် မှာ ဘွဲ့ရပြီးသည့် နန်းခမ်းက သူ့အမေ ပိုင်သည့် ကုမ္ပဏီ မှာ ဆက်ခံသူအဖြစ် အလုပ်ဝင်နေ၏ အစပိုင်းတုန်းက အမရပူရမှာ ရှိသည့် ယက်ကန်းရုံကို ဉီးစီးမည်ဆိုသည့် နန်းခမ်းက အခုတော့ ရန်ကုန် မှာ နေမယ်ဆိုပြီး အကြံဖန်လာတာကိုသိပေမဲ့ မမေးဖြစ် ။ မေးလည်းမမေးချင် ။ မေးစရာမလိုအောင်လည်း သိနေပြီမို့ပေ ။ နန်းခမ်း ရန်ကုန် မှာနေရတဲ့ ရည်ရွယ်ချက် က ခန့်စေရာညွှန်း ဆိုတဲ့ သူ့ကြောင့်ပဲမလား ။
YOU ARE READING
YOR [ယော ] [Complete]
Romanceကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။ ကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။