အပိုင်း (14)

1.7K 126 1
                                    

"များများ ထည့်စားနော် သားမွေ့ ။ အခုတလောမတွေ့တာကြာလို့လားမသိဘူး ။ ပိန်သွားတယ် "

ပြောလည်းပြောရင်း သူ့ပန်းကန်ထဲ ကြက်သားငရုတ်သီးချက် တွေကို ထည့်ပေးကာ ဘူးသီးဟင်းချို ပန်းကန်ကိုလည်းရှေ့နားတိုးပေးသည် ။

"အန်တီ လည်း များများစားပါ ။ "

"အင်း...အန်တီ သမီးလေးနဲ့ သားမွေ့ကိုအမြန်ဆုံးနေရာချထားချင်ပြီကွယ် ။ နန်းနဲ့လည်း ပြောဖြစ်သေးတယ် ဒီကိစ္စကို ။ နန်းလည်းအလုပ်တွေရှုပ်နေတာနဲ့ သားကိုမပြောဖြစ်တာနေမယ် ။"

ထမင်းတွေကိုသာအကြောင်းမဲ့ချေနေသော မွေ့တယောကို အင်ကြင်းမသိမသာ အကဲခတ်ကြည့်မိသည် ။ ဘာပြန်ပြောမလဲဆိုပြီး မသိမသာနားထောင်နေပေမဲ့ အမေပြောသောစကားများကို အပြုံးတစ်ခုနဲ့သာတုန့်ပြန်ပြီး ထမင်းဆက်စားနေသည် ။ ရင်တွေမွန်းကြပ်လိုက်တာ ကိုမွေ့ရယ် ။

ထမင်းစားပြီး မွေ့တယောနဲ့ အင်ကြင်း စကားအေးဆေးပြောရန် အင်ကြင်း အမေကအလိုက်တစ်သိနဲ့ ရှောင်ပေးဖြစ်သည် ။ ခြံဝန်းကျယ်ကျယ်ထဲ အလှပန်းပင်များ အစီအရီစိုက်ပျိုးထားတာကိုမွေ့တယော ငေးမောနေမိသည် ။ အနားကိုအအေးတစ်ခွက်နဲ့အတူ ရောက်လာသည့် အင်ကြင်း က ခုံမှာဝင်ထိုင်လို့ သူ့ကိုကြည့်နေတာကို ကျောပေးထားပေမဲ့သိသည် ။

"ကိုယ် အင်ကြင်း ကိုပြောစရာရှိတယ် ။ "

"......"

"ကိုယ် အင်ကြင်း နဲ့ လက်မထပ်နိုင်ဘူး ။ ကိုယ့်မှာ ချစ်ရမဲ့သူရှိနေပြီ ။ "

"အဟင်း ခန့်စေရာညွှန်း များလား ။ "

ချက်ချင်း ကို မွေ့တယောက လှည့်ကြည့်လာသည် ။ အင်ကြင်း လည်း အကြည့်တွေကိုမရှောင်လွှဲပဲ မွေ့တယောကို အကြည့်ဖြင့် တန်ပြန်စိုက်ကြည့်သည် ။

"သိနေတာလား...။ ဒါဆို အင်ကြင်း ဘက်က စေ့စပ်ပွဲကို  ဖြတ်ပေးဖို့ ကိုယ်တောင်းဆိုပါတယ် ။ "

"လွယ်လိုက်တာ ကိုမွေ့ရယ် ။ ကိုမွေ့ အရမ်းရက်စက်တယ် ။ အင်ကြင်း အပေါ်မှာ စေ့စပ်တဲ့နေ့ကစလို့ ကိုမွေ့ပြောင်းလဲသွားတာတွေ ၊ အင်ကြင်း ကိုတွေ့တိုင်း ကိုမွေ့အမြဲရှောင်တာတွေ ထားပါ...အင်ကြင်း သည်းခံပေးခဲ့တယ် ။ နားလည်ပေးခဲ့တယ် ။ ဒါပေမဲ့ အဲ့လိုသည်းခံ၊ နားလည်ပေးခဲ့တာတွေက ကိုမွေ့ကိုအဆုံးရှုံးခံဖို့ မဟုတ်ဘူး ။ အင်ကြင်း ကိုမွေ့ကို အဆုံးရှုံးမခံနိုင်ဘူး ။ "

YOR [ယော ] [Complete] Where stories live. Discover now