-21-(Final)

3.3K 149 3
                                    

ကြိုးဝိုင်းထဲ သတိသေချာကပ်လို့ သွက်လက်စွာ ထိုးကြိတ်နေတဲ့ ခန့်စေရာညွှန်း သည် မွေ့တယော ဆီမှ လမ်းခွဲမယ်ဆိုတဲ့ စကားကိုကြားလိုက်ရတဲ့ အချိန်မှာ ဆွံ့အနေခဲ့သည်လေ ။ အားပေးဆူညံသံတွေ ၊ ဒိုင်၏ တိုင်ပင်ခေါ်သံတွေ ၊ ဒါတွေအားလုံး မွေ့တယောရဲ့နားထဲ အသံတွေက ဝင်လာလိုက် ၊ ထွက်သွားလိုက်နှင့် ။ ဒိုင်၏ ခပ်ကျယ်ကျယ် အသံတစ်ခုတော့ နားထဲကျယ်လောင်စွာ နေရာယူခဲ့သည် ။

"ခန့်စေရာညွှန်း က အနိုင်ရရှိသွားပါတယ် ။ "

ပြုံးမိသွားတဲ့ နှုတ်ခမ်းတွေသည် ပေါ့ပါးနေခဲ့သည် ။ Boxing ကြိုးဝိုင်းထဲမှ အသည်းယားစဖွယ် ပြေးလာခဲ့တဲ့ ညွှန်းက မွေ့တယော ရှေ့၌ ရပ်သွားခဲ့သည် ။ ဘေးဘီမှာ ရှိနေခဲ့သော ပရိတ်သတ်များသည် တစ်ခဏတော့ငြိမ်သက်သွားကြသည် ။

ခန့်စေရာညွှန်း ပြုံးလိုက်ရင်း မွေ့တယောရဲ့ ပါးပြင်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ နဖူးပေါ်သို့ နူးညံ့သည့်အနမ်းများ ခြွေချမိသည် ။ အဲ့ဒီတစ်ခဏအတွင်း မွေ့တယောစိတ်တွေ လှိုက်ခနဲခုန်တက်နေမိခဲ့သည် ။ ဒူးခေါင်းပေါ်တင်ထားတဲ့ လက်နှစ်ဖက်သည် ဘောင်းဘီစကိုသာခပ်တင်းတင်းဆုပ်ချေထားမိတာပင် ။ တိတ်ဆိတ်နေသည့်ကြားထဲတွင် ပြက်သားပြီး နူးညံ့လွန်းသည်အသံသည်သာ ကြီးစိုးသွားခဲ့သည် ။

"Happy birthday ကျွန်တော့် ရဲ့ ယော ။ ရှင်သန်ရာ သက်တမ်း တစ်လျှောက်လုံးမှာ လူကောင်းတွေနဲ့ကြုံပြီး ကျွန်တော့် ရဲ့ ကံကောင်းမှုတွေ အကုန်လုံး ယောဆီ သက်ရောက်ပါစေ ။ ကျွန်တော် ယောကို ချစ်တယ် ။ "

မျက်ရည် အဝဲသားနဲ့ မော့ကြည့်မိ၏ ဘာ​ပြန်ပြောလို့ ပြောရမှန်းမသိသလို ၊ သူတို့နှစ်ဉီးကြား ဆက်ဆံရေးကလည်း မနေ့ကတင်ပြီးဆုံးသွားခဲ့ပြီမလား ။ ပဲခူးသွားခါနီး မျက်ရည် ကျအောင်လုပ်ခဲ့သည့် လူဆိုးကောင်ကို တစ်သက်လုံး မမေ့နိုင်ခဲ့သည့် အနမ်းတွေကို ပေးခဲ့ချင်ပါသည် ။ သို့ပေမဲ့ တစ်ကယ်တမ်း လုပ်ခဲ့မိတာသည် ထိုအဆောက်အအုံထဲမှ ထွက်ပြေးခဲ့ခြင်းသာ ။

ဒီ ကမ္ဘာ မှာ ခန့်စေရာညွှန်း လောက် သူ့ကို ချစ်နိုင်တဲ့လူ မရှိတော့ဘူး ။

YOR [ယော ] [Complete] Opowieści tętniące życiem. Odkryj je teraz