မင်္ဂလာပါ Sivan_Boxing „ Sivan_Gloves ပါ ။
YOR (ယော ) fic လေးနဲ့ ပက်သက်ပြီး မေးချင်တာများရှိရင် မေးလို့ရပါတယ် ။
အစကတော့ ကိုယ်က YOR Fic လေးကို ရေးမယ်ပေါ့ ။ 2023 လောက်မှတင်မယ်ဆိုပြီး စိတ်ကူးထားတာ ။ နောက်တော့မနေနိုင်စွာနဲ့ တင်ခဲ့လိုက်ပါတယ် ။ August လလယ်လောက်က ရေးခဲ့တဲ့ YOR က October လလယ်မရောက်တစ်ရောက်လေးမှာပဲ ပြီးသွားခဲ့ပါပြီ ။ Extra လေးကိုက ရေးဖို့ စိတ်ကူးရှိပါတယ် ။ ဒီရက်ပိုင်းထဲတော့ မဟုတ်ပါဘူး ။ ကြာဉီးမှာပါ ။
ကိုယ်ကတော့ ကျေးဇူး တရားတွေနဲ့ဆိုပြီးFicလေးကို စတင်ရေးသားခဲ့ပါတယ် ။ ဒါကကိုယ်ပထမဆုံးရေးတဲ့ oc လေးမို့ လိုအပ်ချက်တွေဆိုတာအများကြီးပါပဲ ။ အမှားတွေ ဆိုတာလည်း ပါကောင်းပါနိုင်ပါတယ် ။ ဖြည့်စွက်ပြီးဖတ်ပေးကြဖို့ကိုပဲ မေတ္တာ ရပ်ခံပါတယ် ။ ကျေးဇူး တရားတိုင်းက ခါးသီးနေတာမျိုးလည်းမဟုတ်သလို ချိုမြိန်နေတာမျိုးလည်း မဟုတ်ပါဘူး ။ ဒီFicထဲမှာတော့ ယောက ကျေးဇူး တရားတွေကိုမရွေးချယ်ခဲ့ပါဘူး ။ ရှင်သန်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒေါ်လေးရဲ့ပုံစံခွက်ထဲမှာပဲ သူနေထိုင်ခဲ့ပါတယ် ။ သူဟာ ဒေါ်လေးရဲ့ ကျေးဇူး တွေနဲ့ဒီနေ့ဒီအချိန်ထိ ဒီလိုရပ်တည်နိုင်တာဆိုပြီး ဒေါ်လေး စိတ်ဆင်းရဲမှာကိုမလိုချင်တာကြောင့် ဒေါ်လေးစိတ်တိုင်းကျနေထိုင်ခဲ့တယ် ။ သူ ချစ်ရတဲ့သူတွေ့တဲ့အခါမှာတော့ ပြည့်ဖြိုးအောင်ပြောသလိုပဲ ပုံစံခွက်ထဲကနေရုန်းထွက်ပြီး လွတ်လွတ်လပ်လပ်နဲ့သူ ခန့်စေရာညွှန်းကို ချစ်လို့ ရွေးချယ်ခဲ့တာပါ ။
အခုကိုယ်ရေးလိုက်တဲ့အထဲမှာ Ficတစ်ခုလုံးမှာက ခန့်စေရာညွှန်း က အတော်ကြီးကို ငြိမ်တဲ့ဇာတ်ကောင် ဖြစ်သွားတယ် ။ တစ်ကယ် ကိုအားနည်းခဲ့တဲ့အချက်ပါပဲ ။ အဓိကဇာတ်ကောင် နှစ်ယောက်မှာ ယောတစ်ယောက်ကပဲဒီဇာတ်ကို ကသွားခဲ့တယ်ပေါ့ အဲ့လိုသဘောမျိုးဖြစ်သွားတယ်လို့ ကိုယ်တော့ထင်တယ် ။ ပထမဆုံး Oc Ficလေးမို့ ထင်ထားသလောက်ကြီးထိ မလုပ်နိုင်ခဲ့ပါဘူး ။
စရေးတုန်းက အွန်ဂိုးရင်း လိုက်ပေးကြလို့ တစ်ကယ် ကို အားတက်ခဲ့ပါတယ်။ နောက်တော့ viewers တွေရော Votes တွေတက်ခဲ့ပါတယ် ။ ကျေးဇူး အများကြီးတင်ပါတယ် ။
YOU ARE READING
YOR [ယော ] [Complete]
Romanceကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။ ကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။