အပိုင်း (19)

1.8K 160 2
                                    

ညီမလေးက နားလည်ပေးလာခဲ့သည်မို့ အရင်ကလောက် နေရတာ မျက်နှာမပူတော့ ။ အတ္တ တွေ မလျှော့သေးသည့် ဒေါ်လေးကတော့ သူ့ကိုတွေ့တိုင်း တင်းမာနေဆဲပင် ။ သုံးရက်လောက် အနားယူပြီးသည်နှင့် ဆေးရုံ သို့ အလုပ်ဝင်ရန် ရောက်လာသည် ။ ကားပါကင်မှာ ကားကိုသေချာရပ်ပြီး နောက်သို့အလှည့် အင်ကြင်း က နောက်မှာ ဘယ်အချိန်ကတည်းက ရောက်လာသည်မသိ သူ့ကိုပြုံးပြလာသည် ။ မနက်ခင်း အေးအေးချမ်းချမ်း လေးမှာ အင်ကြင်း ရဲ့အပြုံးတွေကလည်း ဖြူစင်နေ၏

"ကိုမွေ့ အချိန်ခဏလောက်ပေးလို့ ရလား ။ "

သက်ပြင်းချပြီး ခေါင်းငြိမ့်ပြမိသည် ။ ကော်ဖီဆိုင်အတွင်း မနက်ခင်း အစောမို့ လူသိပ်မရှိ ။ ဆိုင်ထဲတွင် တစ်ယောက်စ ၊ နှစ်ယောက် စ သာတွေ့ရသည် ။ အင်ကြင်း သည် ရောက်လာကတည်းက ဘာမှမပြော ။ အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီခွက်ကိုသာ မျက်နှာသေဖြင့်  ကြည့်နေသည် ။

"အင်ကြင်း တစ်ကယ် လက်မခံနိုင်ဘူး ကိုမွေ့ရယ် ။ ဘာလို့လဲ... အင်ကြင်း ကို မချစ်နိုင်ရတဲ့အကြောင်းပြချက်  ၊ ငြင်းရတဲ့အကြောင်းပြချက်... ။"

"မရှိပါဘူး ။ အင်ကြင်း က တစ်ကယ် ကို ပြည့်စုံတဲ့ မိန်းကလေး ပါ ။ ဒါပေမဲ့ ကိုယ့် နှလုံးသား မှာ  ညွှန်း က 16 နှစ်အရွယ် ကတည်းက နေရာယူထားခဲ့တာပါ ။ ဒါကို ကိုယ်ကိုတိုင်မသိခဲ့တာ.. ။ စေ့စပ်ပွဲ ကိစ္စ ကလည်း  ဒေါ်လေး ကြောင့်ပါပဲ ။ ကိုယ် တစ်ကယ် အားနာပါတယ် ။ တောင်းလည်း တောင်းပန်ပါတယ် ။ "

ဆွဲထားချင်သေးတာ ။ မဖြစ်နိုင်ဘူးဆိုတာတောင် ဒီလူကိုဆွဲထားချင်သေးတာ ။ ရတယ်... ဒီဇာတ်မှာ သူဟာမကောင်းတဲ့လူဆိုရင်တောင် အဖြစ်ခံလိုက်မယ် ။ မင်္ဂလာပွဲကိုလည်း နေ့ချင်းညချင်း ချက်ချင်း ကို စီစဉ် ပစ်လိုက်လို့ရတယ် ။ ဒေါ်လေးနန်း တစ်ယောက် လုံး သူ့ဘက်မှာရက်တည်နေသရွေ့ သူဟာ မွေ့တယောကို ပိုင်ဆိုင်ပစ်လို့ရသည် ။ ရုပ်စွအဆုံး ကျေးဇူး တရားတွေနှင့် ကိုင်ပေါက်လျှင်တောင် ရသည် ။  သူဒီလိုတွေသာ တစ်ဇွတ်ထိုး ၊ တစ်ကိုယ်ကောင်းဆန်လိုက်လျှင် ကိုမွေ့က သူ့ကို အရင်ကထက်ပိုရွံ့မုန်းလာနိုင်သည် ။

YOR [ယော ] [Complete] Where stories live. Discover now