Zawgyi"မင်း... မင်း ရူးနေလား ။ ကိုယ်က မိန်းကလေး မဟုတ်ဘူး ယောကျာ်းလေး ။ "
"အချစ်မှာ မျက်စိမှမပါတာ ။ ပြီးတော့ လောကကြီးထဲမှာ ယောကျာ်း တစ်ယောက် က မိန်းမကိုပဲ ချစ်ရမယ် ။ မိန်းမ တစ်ယောက် က ယောက်ျား ကိုပဲ ချစ်ရမယ်လို့ ဘယ်သူတွေက သတ်မှတ်ခဲ့လဲတော့ မသိဘူး ။ ဒီသဘောတရားတွေကိုပဲ လက်ခံနေကြတာ ။ ဒါတွေကိုပဲ ခေါင်းထဲရိုက်သွင်းထားသလို တစ်သတ်မက်တည်း တွေးနေကြတော့တာပဲ ။ "
အသံမာသွား၍လားမသိ မွေ့တယော ပုခုံးတွေသိသိသာသာကျုံ့သွား၏ သူ့ကို ကြောက်သွားတာလား ။
"ကျွန်တော် ခင်ဗျား ကို ချစ်တယ် ။ အခုကစပြီး ယောကိုလိုက်မှာမလို့ ယောက ကျွန်တော့် တစ်ယောက် တည်းကိုပဲ ကြည့်နေပေး ။ အဲ့နေရာမှာလည်း ကျွန်တော့် အတွက်နေရာပေးစေချင်ပြီး ဒီထဲမှာရော ဒီထဲမှာပါ ကျွန်တော် အကြောင်းတွေပဲတွေးနေစေချင်တယ် ။ ကဲ...ကျွန်တော် အရင်သွားနှင့်မယ် ။ စိတ်အေးအေးထားပြီး စဉ်းစားပါ ။ "
ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်သည် ။ တစ်ဖက်ကို ဖြုတ်ချလို့ နှလုံးသားရှိတဲ့ဝဲဘက်ရင်အုံကို လက်ညိုးဖွဖွထိုးလို့ သူ့အတွက်နေရာပေးစေချင်ပြီး ခေါင်းနဲ့ နှလုံးသား ရှိတဲ့ ဝဲဘက်ရင်အုံကို လက်ညိုးနဲ့ နောက်တစ်ကြိမ် ဖွဖွထိုးပြီး သူ့အကြောင်းတွေကိုပဲတွေးနေစေချင်တယ်တဲ့ ။ ဆေးရုံအပေါ်ထပ်မှ ခန့်စေရာညွှန်း ထွက်သွားပြီဆိုမှ နံရံ ကို အသက်မဲ့သလိုမှီချပစ်၏
ညွှန်းက သူ့ကို ချစ်နေသည်တဲ့ ။
ဒါဆို... နန်းခမ်းကရော....မဖြစ်ဘူး ။ မဖြစ်သင့်တဲ့ ကိစ္စ မလို့ သူ့ကို ရှောင်နေတာ အကောင်းဆုံးပါပဲ ။
ပိုင်ကြီး ကတော့ ဆေးရုံမှာ ရှိနေသည့် ရှိုင်းလေး၏ ဝေရာဝစ္စတွေကို လုပ်ပေးသည် ။ ဒီရက်ပိုင်းပွဲမရှိသည့် ခန့်စေရာညွှန်း လည်း မလေ့ကျင့်ဖြစ် ။ ဆေးရုံ၌သာ အချိန်ကုန်ဖြစ်သည် ။ တစ်ခါတလေ ဖုန်းပြောသလိုနှင့် လူနာဆောင်ဘက်ထွက်ကာ မွေ့တယောကို ချောင်းကြည့်မိသည်မှာလည်း အခါခါပင် ။
YOU ARE READING
YOR [ယော ] [Complete]
Romanceကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။ ကျေးဇူး တရားတွေနဲ့ ချစ်ခြင်း တရားတွေ ယှဉ်လာတဲ့ အခါ ဘယ်အရာကများ အနိုင်ရရှိပါမည်လဲ ။