အပိုင်း (15)

1.6K 136 3
                                    

"နန်းခမ်း ငါနင်နဲ့တွေ့ချင်တယ် ။ အဆင်ပြေရင် ငါ့တိုက်ခန်းကိုလာပေးလို့ရလား"ဆိုတဲ့ ခန့်ရဲ့စကားကိုအဖြစ်အပျက်တွေမသိခင်အချိန်ကဆို ထခုန်မိမတတ်ပျော်နေမိမှာ အမှန်ပင် ။ အခုတော့ ထိုနေရာကိုသွားဖို့ကို​ခြေလှမ်းတွေကလှမ်းဖို့မရဲ ။ ခန့်သူ့ကို ခေါ်တဲ့တစ်ခုတည်းသော အကြောင်းအရင်းက သူ့ကို အစ်ကိုဖြစ်သူ မွေ့တယောနှင့်တွဲနေပြီဆိုသည့်အကြောင်း ဖွင့်ပြောဖို့အတွက်ပင် ။ နာနာကျင်ကျင်နဲ့ တစ်ချက်တော့ ရယ်မိ၏ မျက်ဝန်းမှ မျက်ရည် တစ်စက်ကအလွယ်တကူကျဆင်းလာသည် ။ နန်းခမ်းဆိုတဲ့ မိန်းမကမျက်ရည်ကျဖို့ခက်တယ် ။ ဒါပေမဲ့ ခန့်နဲ့ပက်သက်ရင်မျက်ရည်လွယ်နေတုန်း ။

စကားပြောသံတွေနဲ့အတူ ရယ်သံတွေကိုပါကြားရသည် ။ တံခါးဖွင့်လို့သူဝင်လာတော့ ရှိုင်းလေးကအလိုက်တစ်သိနဲ့ အပြင်ကိုထွက်ပေးသည် ။ ဆိုဖာရှည်တစ်ခုပေါ် ထိုင်ရင်း ခန့်စေရာညွှန်း ပြောမဲ့ စကားတွေကို နန်းခမ်းနားထောင်ပေးရန် အဆင်သင့်ဖြစ်လုနေပြီဖြစ်သည် ။ နဖူးမှထွက်နေတဲ့ချွေးတွေကို တစ်ပတ်ဖြင့်သုတ်၏ ထို့နောက် သူနှင့် မျက်နှာချင်းဆိုင်ဆိုဖာတစ်ခုပေါ်ဝင်ထိုင်သည် ။

"ခန့် ပြောစရာရှိတယ်ဆို ။ "

"ငါ ယော နဲ့တွဲနေပြီ ။ "

ယော....တဲ့ ။ အမည်နာမတွေကိုတောင် အဖျားစွတ်ပြီးခေါ်တဲ့အထိကို အစ်ကိုဖြစ်သူအပေါ် အတော်ကိုချစ်မိနေပြီတဲ့လား ။ တစ်ကယ် ကို ခန့်အတွက်သူက မြူတစ်မှုန်တောင်အရေးမပါခဲ့ဘူးပဲ ။

"ငါ ဆယ်တန်းတုန်းက ယောက ဘော်ဒါမှာ  ဂိုက်ပြခဲ့တယ်  ။ အဲ့အချိန်ကတည်းက ယောကိုငါချစ်ခဲ့တာ ။ 7 နှစ်ကျော်ကြာမှ  ပြန်တွေ့ခဲ့တဲ့ယောကို ငါလုံးဝလက်မလွှတ်နိုင်ဘူး ။ အဆုံးရှုံးလည်းမခံနိုင်ဘူး ။ "

"......."

"ငါ ဘာလို့ ဒီအကြောင်းတွေပြောလဲဆိုတော့ မင်းဘက်ကလည်း ငါ့ကိုချစ်နေခဲ့တာကိုယောလည်းသိတယ် ။ "

"အဲ့ဆိုဘာလို့ နင့်ကိုချစ်ခဲ့လဲ သူက....ငါချစ်နေမှန်းသိရဲ့နဲ့ကို နင့်ကိုဘာလို့ချစ်ခဲ့လဲ ။ "

YOR [ယော ] [Complete] Donde viven las historias. Descúbrelo ahora