အပိုင်း (13)

1.9K 121 1
                                    

"ဟော ပြန်လာပြီလား "

အိမ်ထဲဝင်ဝင်ချင်း ဒေါ်လေးရဲ့ အသံကိုကြားလိုက်ရသည် ။ ဒီရက်ပိုင်းတွင်း ဒေါ်လေးနဲ့လည်းသိပ်မစုံဖြစ် ။ ညစာစားချိန်လောက်သာတွေ့ဖြစ်ပြီး အလုပ်ခွင်မှာ တစ်နေကုန် ပင်ပန်းမှုဒဏ်ကြောင့် ဒေါ်လေးလည်းစကားမပြောနိုင်စောစောအနားယူဖြစ်သည် ။ ခန့်စေရာညွှန်း လည်း တိုက်ခန်းမှာသာ အချိန်ကုန်တတ်သည်မို့ ဒေါ်လေးနဲ့လည်း စကားသိပ်မပြောဖြစ် ။

"စောလှချည်လား ဒေါ်လေးက "

"အဲ့တာအသာထားပါဉီး ။  တော် ကရောဘာတွေပျော်စရာတွေရှိလာလို့လဲ ။ မျက်နှာကပြုံးနေတာက"

ဒေါ်လေးပြောမှ ခန္ဓာကိုယ် ကိုမတ်လိုက်ရင်း မျက်နှာကိုလက်နှစ်ဖက်နဲ့ ကိုင်ကြည့်မိတော့ ငါ့ကို မရွဲ့နဲ့ဆိုတဲ့ ဒေါ်လေးရဲ့စကားကိုအပြုံးတစ်ခုဖြင့်တုန့်ပြန်လိုက်၏

"ပြောပါဉီးဘာတွေ ပျော်စရာရှိတာလဲ ။"

ခန့်စေရာညွှန်း သက်ပြင်းတစ်ချက်ချကာ လက်သီးဆုပ်ထားမိသည် ။ မိသားစု ဝင်ဆိုလို့ ဒေါ်လေးတစ်ယောက်သာရှိတော့သည် ။ သူဟာ ယောကျာ်း လေးတစ်ယောက်ကိုချစ်မိနေတယ်ဆိုတာကိုများ အခုအချိန်ဒေါ်လေးကိုပြောလိုက်ရင် ရှောခ့်ရသွားမလား ။ တစ်နေ့ မဟုတ် တစ်နေ့သိမဲ့ ကိစ္စ ဖြစ်ပြီး ပတ်ဝန်းကျင်က မြင်လို့ပြောတာထက် မိသားစုဝင်ဖြစ်တဲ့ ကိုယ်ကပြောတော့ ဒေါ်လေးလည်း ပိုပြီးစိတ်သက်သာရာရမည်လို့ ထင်သည်။

"ကျွန်တော့်မှာ ချစ်ရတဲ့သူရှိနေပြီ ။ ပြီးတော့ သူက ယောကျာ်း လေး"

ဧည့်ခန်းထဲ လေထုကတိတ်ဆိတ်ကာအေးစက်လာသည် ။ ဒေါ်လေး မျက်နှာကိုအရိပ်အကဲကြည့်တော့လည်း သာမန်လိုပင် ။

"ဒေါ်လေး သိပြီးပါပြီ ။ "

"ဗျာ "

"ဒီနေ့ ဒေါ်လေး အလုပ်​ ကိစ္စ တွေ အပြီးသတ်ပြီးတာနဲ့  စောစောပြန်လာတာ ။ ဒီရက်ပိုင်းအတွင်း လုပ်ငန်းသစ်ချဲ့ထွင်တာတွေနဲ့ ပက်သက်ပြီးသားကိုလည်းအချိန်တွေမပေးဖြစ်ခဲ့ဘူး ။ ကုမ္ပဏီ ကအပြန် သားတိုက်ခန်းကိုပဲဝင်လာခဲ့တာ ။ စျေးဝယ်ပြီး တစ်ခုခုလုပ်စားမယ်ဆိုပြီး..... နောက်တော့ သား ကောင်လေး တစ်ယောက် နဲ့စကားပြောတာတွေကြားတာနဲ့ အဒေါ်လည်း ပြန်လှည့်လာလိုက်တာ"

YOR [ယော ] [Complete] Nơi câu chuyện tồn tại. Hãy khám phá bây giờ