အပိုင်း (9)

1.8K 138 1
                                    


မဲမဲမှောင်နေတဲ့ အခန်းဝမှာတင်ရှေ့ဆက်မသွားသေးပဲခြေစုံရပ်နေမိတော့ အခန်းပိုင်ရှင် ညွှန်းက အခန်းထဲအရင်ဝင်ကာ မီးတွေဖွင့်လိုက်သည် ။ ပထမဆုံး စမြင်လိုက်ရတာက အခန်းရဲ့ အလယ်ဗဟိုမှာရှိနေတဲ့ ကြိုးဝိုင်း ။ ကြိုးဝိုင်းဘေးတွင်ရှိနေသည်က သဲအိတ်တွေ ။ မှင်သက်စွာနဲ့ကြည့်နေမိတော့ ပုခုံးပေါ်တစ်ဘတ်တစ်ထည်က နေရာယူလာသည် ။

"ဒီမှာ ဖုန်း ။ ကျွန်တော့်အထင်လေ ယောရဲ့ ဒေါ်လေးလည်းစိတ်ပူနေလိမ့်မယ် ။ ဖုန်းဆက်လိုက်ပါဉီးလား ။ "

"အင်း ကျေးဇူး ။ "

စိုလက်စအဝတ်တွေကို မချွတ်သေးပဲ တဘတ်ကိုသာခြုံထားလိုက်သည် ။ တစ်တီတီနဲ့ဝင်သွားရင်းမှ တစ်ဖက်က ဒေါ်လေးအသံထွက်ပေါ်လာ၏ စိတ်မပူကြောင်းနှင့် သူငယ်ချင်း အိမ်မှာ ညအိပ်မယ်ပြောတော့ ဒေါ်လေး လက်ခံပေးသည် ။ အခုထိ မတိတ်သေးပဲ သည်းနေတဲ့မိုးကြောင့်လည်းဖြစ်မည် ။ ဖုန်းချပြီး အခန်းကိုလှည့်ပတ်ကြည့်တော့ သူ့ဆီကို အဝတ်အစားတစ်ချို့ကို ကိုင်ကာ ညွှန်း လျှောက်လာတာကိုတွေ့လိုက်ရသည် ။ လူလည်း တစ်ကယ် ကိုအေးစက်ပြီး တုန်နေ၏

"ဒီမှာ အင်္ကျီနဲ့ဘောင်းဘီ ။ အခန်းထဲဝင်ပြီး လဲလိုက် ။ ချက်စရာ ဆန်မရှိဘူး ။  ခေါက်ဆွဲထုတ်တွေတော့ ရှိတယ် ။ စားတယ်မလား ။ "

"အင်း ။ ရှေ့ကအခန်းမလား ။ "

"ဟုတ်တယ် ။ "

အခန်းထဲရောက်သည်နှင့် တံခါးကို လော့ချပစ်လိုက်သည် ။ ညွှန်းအခန်းမှာတင်တော့ မဟုတ် ။ ဒေါ်လေးအိမ်မှာနေတည်းက အခန်းထဲရောက်သည်နှင့် လော့ချတတ်တာကအကျင့်လိုတောင်ဖြစ်နေပြီ ။ မြန်မြန်ဆန်ဆန် ရေချိုးအဝတ်အစားလဲပြီး အပြင်ထွက်လာတော့ စားပွဲခုံပေါ်မှာ ခေါက်ဆွဲပြုတ် နှင့် တထောင်းထောင်းအငွေ့ထွက်နေတဲ့ ရေနွေးခွက်နှစ်ကွက်ကိုပါ တစ်ဆက်တည်းတွေ့မြင်ရသည် ။

"အင်္ကျီ က ယောနဲ့ကြီးနေတာ ပဲ ။ အနွေးထည်ထပ်ဝတ်ထားလိုက်ဉီး ။ မိုးမိထားတာဆိုတော့ ခေါက်ဆွဲပြုတ်သောက်ပြီး ဆေးတစ်လုံးပါ သောက်ထားလိုက် ။ "

YOR [ယော ] [Complete] Where stories live. Discover now