ကျောင်းမုန့်စျေးတန်းမှာလူတွေပြည့်ကျပ်လို့နေတယ်ချစ်သူရည်းစားစနောက်သံတွေသူငယ်ချင်းတွေစနောက်သံတွေနဲ့ဆူညံပွက်လောရိုက်နေတာပဲ
တာချီဒီလိုလူရှုပ်တဲ့နေရာတွေကိုမကြိုက်ပါအဲ့တာကြောင့်လဲကျောင်းမုန့်စျေးတန်းကိုတစ်ပတ်တစ်ခါပဲလာတယ်အခုတောင်ဟိုကောင်တွေခေါ်လို့လိုက်လာရတာလူကသိပ်မလိုက်ချင်ဘူး
"ဟဲ့ဟဲ့ဟဲ့တာချီဟိုမှာကြည့်ပြုံးပြီးလက်ညှိုးထိုးနေတဲ့တစ်ယောက်လေတွေ့လား"
ဟိန်းသစ္စာအောင်ကပြည့်ဘုန်းခန့်ကြိတ်ကြိုက်နေတဲ့ကောင်လေးကိုလက်ညှိးထိုးကာတာချီမင်းမြတ်ကိုပြောပြသည်
"အင်းအဲ့တာဘာဖြစ်လဲ"
"ဟဲဟဲအဲ့တာမယ်ပြည့်ကြိုက်နေတာလေ😆"
"ဟဲ့မသာကောင်ဟိန်းသစ္စာအောင်မင်းနော်အော်ရဲအော်ကြည့်မင်းဇော်သုတကိုကြိုက်နေတယ်ဆိုတာတစ်ကျောင်းလုံးသိအောင်လိုက်အော်ပစ်မယ်☹️"
ဒီလိုပါပဲပြည့်ဘန်းခန့်နဲ့ဟိန်းသစ္စာအောင်ဆိုတာမတည့်အတူနေမမြင်ချောင်းကြည့်တွေ
"မယ်ပြည့်ရယ်ငါတို့ကအောင်သွယ်ပေးချင်လို့ပါ"
ဟက်...ငဟိန်းအကြောင်းမသိရင်ခက်မယ်အောင်သွယ်ချင်တာကနည်းနည်းတစ်ကျောင်းလုံးသိအောင်လိုက်အော်မှာကများများ
"ခွေးသားအောင်သွယ်ပေးချင်တာနည်းနည်းညှောင့်ချင်တာများများမလား"
"တော်ပြီတော်ပြီသူ့ကြည့်ရတာအဲ့လောက်လဲမချောပဲနဲ့မင်းဘာကြည့်ကြိုက်တာပဲပြည့်ဘုန်းခန့်ရယ်"
မှန်တယ်လေအဲ့ကောင်ရုပ်ကိုကြည့်ပါလားပြောင်စပ်စပ်နဲ့ချဥ်ဖတ်သူ့သူငယ်ချင်းတွေနဲ့ဆိုပြုံးနေတတ်ပေမယ့်အခြားသူတွေရှေ့ဆိုချဥ်ဖတ်မျက်နှာနဲ့ချေချက်ကလန်ထွက်နေတာပဲ
"ဟယ်...ပြောရဲတယ်ပြောရဲတယ်ကြည့်စမ်း...ဟဲ့မျက်နှာရှစ်ခေါက်ချိုးနဲ့ဘီလူးကောင်နင့်ကိုလေအဲ့တာကြောင့်မို့တစ်တန်းလုံးကြည့်မရတာသိလား...ကြည့်လိုက်စမ်းငါ့အသည်းလေးပြုံးလိုက်တိုင်းမို့တက်လာတဲ့ပါးလေးတွေများပေါက်စီလုံးလေးတွေကြလို့...ဟောရယ်လိုက်ရင်ပေါ်လာတဲ့သွားစွယ်လေးတွေများရာမမင်းသားရဲ့သားတော်လားအောက်မေ့ရတယ်အရပ်ကြီးကလဲအားကိုးချင်စရာရင်အုပ်ကြီး...."
YOU ARE READING
💓ရင်ခုန်သံကိုမညာကြေး💓ရင္ခုန္သံကိုမညာေၾကး💓