<Unicode>
"ကျွန်တော်သိတယ် ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ချက်ကို ဘယ်ေတာ့မှ ပြောင်းမှာမဟုတ်ဘူး ၊ ကျွန်တော်အတွက် သူက အလုံခြုံဆုံးခိုနားရာပဲ ဒါကို အစ်မလည်းသိပါတယ် "
"ဒီနှစ်ေတွအတွင်းကျေးဇူးတင်ပါ မရတီ ဒါဆို ကျွန်တော် စိတ်ချမယ်နော်"
အလုပ်ကိစ္စအကြောင်း သေချာဆွေးနွေးပြီးသွားပြီမို့ နေ စိတ်အေးချမ်းသွားရသည်။
နေ ယုံကြည်သည်။ နေ့၏ဆုံးဖြတ်ချက်က ဘယ်တော့မှ မမှားဘူးဆိုတာ။
"ကြင်ယာတော်"
"ဘာကိစ္စလည်း"
"အိမ်ရှေ့စံ မင်းသားက ကြင်ယာတော်ကို အခေါ်တော်ရှိပါတယ်"
နေက ဥယျာဉ်ထဲမှာ ဖုန်းပြောနေတာဖြစ်သည်။
အထိန်းတော်ထံက ထိုစကားကိုကြားတော့ ဥယျာဉ်တော်ထဲမှတစ်ဆင့် မောင်ရှိရာ စာကြည့်ခန်းဆီ လှမ်းကြည့်မိလေသည်။
မနက်စာ စားပြီးကတည်းက မောင်တစ်ယောက် တိုင်းရေးပြည်ရေးကိစ္စများဖြင့် အလုပ်ရှုပ်ကာ စာကြည့်ခန်းထဲဝင်သွားတာဖြစ်သည်။
နေကိုယ်တိုင်လည်း အဆာပြေစားလို့ရအောင် အစားအစာအချိုကိုယူဆောင်ပြီး မောင့်အနားမှာ အဖော်ပြုပေးနေခဲ့တာပင်။
သို့သော် အလုပ်ကိစ္စကြောင့် အောက်ထပ်ဆင်းလာတာ နာရီဝက််မျှပင်မရှိသေးချေ။
ချက်ချင်း အမေပျောက်သားပမာ မျက်စိရှေ့ကတောင် အပျောက််မခံပေ
ဒီလိုသာဆို နောက်ပိုင်း ကလေးမွေးလာခဲ့ရင် မောင်တစ်ယောက် ဘယ်လိုများနေမလည်းနော်။"ကြင်ယာတော်"
"အင်း သွားကြတာပေါ့"
နေက တည်ငြိမ်သော ခြေလှမ်းများဖြင့် စာကြည့်ခန်းရှိရာကို ပြန်လည်လျောက်လှမ်းလာခဲ့သည်။
အခန်းတံခါးဖွင့်ကာ ဝင်လာသည်ဆိုယုံပဲ ဆတ်ခနဲ စာရွက်စာတမ်းများ လှန်လှောလိုက်သည့် မောင့်၏ပုံစံကြောင့် နေက ခိုးရယ်လိုက််မိသည်။