Part 8

2.9K 154 10
                                    

<Unicode>
ရေချိုးခန်းထဲက ထွက်လာသည်နှင့် စာအုပ်ကလေးကိုင်ကာ စာဖတ်နေသော omegaလေး၏ ချစ်စဖွယ် အပြုအမူ။

သန္ဓေသားကတည်းက စာဖတ်ပြရင် ကလေးကြီးထွားလာသည့်အခါ ညဏ်ရည်မြင့်မားသည်ဟူသော စကားကြောင့် တစ်နေ့သုံးနာရီလောက် ကြိုးစားပမ်းစား စာတွေဖတ်ပြရှာသည်။

ယခုလည်း သူ့ကိုပင်အာရုံမရှိဘဲ နှုတ်ခမ်းလေးတဆူဆူဖြင့် စာဖတ်ခြင်းမှာသာ အာရုံစိုက်နေလေဟန်က လူကြီးလေးတစ်ယောက်လို။

အသည်းတယားယားဖြင့် နှလုံးအိမ်ထဲတိုးဝင်လာသော ချစ်ရသူထံ သွားကာ ထွေးပွေ့မိသည်။

နေက နောက်ပါးမှ သိုင်းဖက်လာသော ရင်ငွေ့နွေးနွေးကြောင့် ငဲ့ကြည့်မိသည်။

လက််မောင်းသားကို ထိကပ်လာသော ရေစက််ကလေးများကြောင့် အပေါ်ပိုင်းဗလာဖြင့် အနားရောက်လာသူ မောင့်ကို တံတောင်ဖြင့် တွတ်လိုက််မိသည်။

"အင်္ကျီဝတ်လေ"

သို့သော် နေ ပြောသည့်စကားကို မောင်က အာရုံရှိဟန်တောင် မပေါ်ပေ။

Nesting period ကြောင့် အခန်းထဲမှာသာ မောင်နှင့်အတူရှိနေခဲ့သည်။

ဒါ့ကြောင့် ပါးလွှာသော pajamas ဝတ်စုံလေးတစ်ထည်သာ နေ့၏ ခန္ဓာကိုယ်၌ ရှိနေခဲ့သည်။

အသားကိုထိကပ်လာသည့် ရေစက်ကလေးများနှင့်အတူ မောင့်၏ နှုတ်ခမ်းထက််မှ အေးစက်စက် နှုတ်ခမ်းသားတို့က နေ့ကိုလှိုက်ခနဲ အေးလာ‌ေစသည်။

လက််မောင်းတစ််လျောက် ဖိကပ်နမ်းရင်း မထိတထိ လိုက်စနေသူက တင်းကြပ်စွာထွေးပွေ့လာရင်း ဝမ်းဗိုက်ကို ထိမှာစိုးရိမ်နေပြန်လေသည်။

ထို့နောက် နေ့၏ ပေါင်ပေါ်ရှိ စာအုပ်ကို ဖယ်ရှားလိုက်ရင်း အကောင်အထည် မဖော်သေးသော ဝမ်းဗိုက်အားနမ်းလေသည်။

ထိုမျှပင် မပြီးသေးပဲ ချွန်မြသော နှာတံများဖြင့် ပွတ်ဆွဲလေသည်။

ကလိကလိနှင့် အသည်းယားလာတာကြောင့် နေက ရုန်းတော့ ရယ်မြူရိပ်သန်းလာသော မျက်ဝန်းများက စနောက်နေရတာကို သဘောကျနေဟန်ဖြင့် ကျယ်လောင်သွာရယ်မောလာလေသည်။

Inseparable LoveWhere stories live. Discover now