<Unicode>
"ရှိန်းတေဇက လက်လျော့မှာမဟုတ်ဘူး"
"မင်း ကြင်ယာတော်ကို သေချာ ဂရုစိုက်သင့်တယ်"
"သူက ကြင်ယာတော်ရဲ့ အမှတ်အသားကို ဖျက်ဖို့ကြိုးစားနေတာ ဒီနေ့ သူ လာဘ်ထိုးတဲ့လူက ငါဖြစ်နေသလို လက််မခံတာ အကယ်၍ တစ်ခြားသူဆို သူပြောတာကို လက်ခံနေလောက်ပြီ"
ကုတင်ခေါင်းရင်းကို မှီထိုင်ရင်း ညက မင်းထင်ပို့ထားသည့် messageများကို ဖတ်ရှု့ပြီးနောက် တည်တံ့မျက်နှာက တင်းမာသွားလေသည်။
သူ၏ တစ်ဝမ်းကွဲညီတော်က အတော်ကိုရဲတင်းနေတာပဲ။
ဦးရီးတော်မျက်နှာကြောင့် လျော့ပေါ့ပေးထားတာကို အရမ်းလောဘကြီးလွန်းနေတယ်။
သူလို အိမ်ရှေ့စံပေးထားတဲ့ အမှတ်အသားကို ဖျက်ဖို့တောင်ကြံရွယ်နေပြီဆိုတော့ မတတ်သာပေမဲ့ သူဘက်ကလုပ်စရာရှိတာ လုပ်ရတော့လိမ့်မည်။
ယောကျာ်းတစ်ယောက်အတွက်နဲ့ ညီတစ်ဝမ်းကွဲတော်စပ်သူကို ဒုက္ခပေးသည်ဟုပင်ထင်ထင် ကြင်ယာတော်အတွက်သာဆို သူဒီအရာကိုလုပ်ကိုလုပ်ရပါလိမ့်မည်။
ရှိန်းတေဇအကြောင်းကို တွေးလိုက်သည့်အခါတိုင်း တည်တံ့ သွေးတွေပွက်ပွက်ဆူလာသလို ခံစားနေရသည်။
အကယ်၍ လွန်ခဲ့တဲ့၃နှစ်က သူသာ ထာဝရအမှတ်အသားမပေးထားခဲ့ပါလျှင် အခုချိန်လောက်ဆို သူ၏ချစ်ရသူက အခြားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်ရှိနေရတော့မှာ။
သူရဲ့ကြင်ယာတော် အသက်နှင့်ထပ်တူ ချစ်ရတဲ့ချစ်သူကို ဆုံးရှုံးရမည်ဆိုတဲ့ အတွေးနဲ့တင် တည်တံ့ ဖြည်မဆည်နိုင်ပေ။
တည်တံ့က ရှေ့ဆက်လုပ်ရမည့် ကိစ္စတွေကို စဥ်းစားမိချိန်မှာဘဲ ရေချိုးခန်းထဲက ထွက််မလာသေးသော ကြင်ယာတော်ကို သတိထားမိတာကြောင့် လက်ထဲကဖုန်းကိုချကာ ရေချိုးခန်းထဲ ဝင်လာလေတော့သည်။
"သွားတိုက်ရင်း အိပ်ပျော်တော့မယ်နော် ကလေးလေး"
သူရေချိုးခန်းထဲရောက်ချိန်မှာ ကြင်ယာတော်က အိပ်ရေးမဝသေးတာကြောင့် ငိုက်နေချိန်ဖြစ်သည်။