<Unicode>
"အ့! ကျွတ် ကျွတ်...."
ညောင်းညာကာ အနည်းငယ်တောင့်နေသော ခါးကိုခပ်ဖွဖွထုရင်း ကျင်နေသော ခြေထောက်ကိုလှုပ်ရှားကာ ဝမ်းဗိုက်ကို ပွတ်သပ်လိုက််မိသည်။
ကိုယ်ဝန်က လရင့်လာသည်နှင့်အမျှ နေက အထိအခိုက်မခံနိုင်သလို ပိုပိုခံစားလာရသည်။
လလည်းရင့်နေပြီမို့ နောက်တစ်ပတ်ဆိုရင်ပဲ နေ ကလေးမွေးရတော့မှာဖြစ်သည်။တော်ဝင်မိသားစုအတွက်က ကိုယ်ပိုင်အစီအစဥ်များနှင့်မို့ ကလေးကို သီးသန့်ဆေးရုံမှာမွေးရမှာဖြစ်သည်။
ပြောရပါလျှင် မင်းညီမင်းသားများ မွေးဖွားသည့် ဆေးရုံမှာပင်။
ဗိုက်မနာသေးဘဲနှင့် ဒီတိုင်းကြီးကတော့ ဆေးရုံမှာ မနေချင်တာမို့ အကဲပိုကာ ဆေးရုံတတ်ခိုင်းချင်နေသည့် မောင့်အား ကန့်လန့်တိုက်ပြီး ဂျီကျထားကာ အခုလို ခါးနာတာတို့ ခြေထောက်ကျင်တာတို့ဆို နေ ထုတ်ပင်မပြောရဲပေ။
မောင့်အကြောင်းတွေးကာမှ နေ့၏ နှုတ်ခမ်းဖူးလေးများက စူထော်ကာ မျက်နှာလေးမဲ့သွားရလေသည်။
ကြည်လင်သော အပြာနုနုဝတ်စုံက ကြင်ယာတော်၏အလှကို ထောက်ကန်ပေးထားလေသည်။
နုဖက်ကာဖွေးဥနေသော မျက်နှာလေးက အလိုမကျဟန် မျက််မှောင်ကုတ်ထားလည်း ချစ်စရာကောင်းလွန်းသလို အရမ်းလည်းလှလေသည်။
နက််မှောင်သော ဆံသားတွေက ပိုပိုအလှတိုးစေသလို အကုန်လုံး အလိုလိုက်ချင်ရသည်အထိ လှပကာချစ်စဖွယ်ကောင်းလှလေသည်။
ဖြောင့်ဆင်းနေသော ဆံနွယ်များက ယိမ်းနွဲ့နေသော်လည်း နွေးထွေးသည့် နေအလင်းရောင်၏ ထောက်ပံ့မှု့ကြောင့် ကျော့ရှင်းနေသော ကြင်ယာတော်၏ သွင်ပြင်ကို မမှီပေ။
"ကြင်ယာတော် ဆေးသောက်ဖို့အချိန်ကျပါပြီရှင့်"
နေက အထိန်းတော်၏ စကားကြောင့် ကျောခိုင်းပစ်လိုက်ရင်း မကြားချင်ယောင်ဆောင်လေသည်။
ဟွန့် ခေါ်ကြပါစေ နေ မသိချင်ယောင်ဆောင်နေရင် ဘာလုပ်နိုင်မှာတဲ့လည်း။