<Unicode>
"ကျွန်တော် နေကောင်းပါတယ် ၊ မမလည်း မောင်လို ပွစိပွစိပြောတယ်နော်"
"သူကတော့ ပြောမနေပါနဲ့တော့ ကျွန်တော့်ထက်တောင် ကလေးကို သည်းသည်းလှုပ်နေတာလေ တကယ်အမြင်ကတ်လောက်အောင်ပဲ ဆေးသောက်ချိန် ကျော်သွားလို့ မသောက်မိရင်ကို ကမ္ဘာကြီးပျက်သလိုပါပဲဆို"
"ဒါနဲ့ မမရဲ့ အချစ်ကလေး ၊ ကျွန်တော့်ရဲ့ မရီးလေးရော ဘယ်လိုလည်း"
"ထင်ပါတယ် ဖေဖေတို့လည်း နေကောင်းတယ်မဟုတ်လား ၊ အရင်နေ့ကတော့ ဖုန်းဆက်ဖြစ်သေးတယ်၊ ဖေဖေကသာ စိတ်ပူနေတာ ဖေကြီးကတော့ ကျွန်တော့်ကို ဂရုစိုက်လို့ပဲ မှာတာ"
"ဟုတ်ကဲ့ တစ်ရက်တော့ ကျွန်တော် မောင်နဲ့ အိမ်ကိုလာခဲ့ပါမယ်....ဟုတ်ကဲ့ အဲတာဆို ဒါပဲနော်"
ရယ်ရယ်မောမောဖြင့် နေ ဖုန်းချကာ နောက်သို့လှည့်လိုက်သည့်အခါ အခန်းဝမှာ လက်ပိုက်လျက် နေ့အားကြည့်နေသူက ပြုံးစိစိမျက်နှာဘေးဖြင့် မျက်ခုံးပင့်ကာ နေ့အနားရောက်လာလေသည်။
"ဘာလည်း"
နေက ဘာလည်းဟူသော အမေးဖြင့် မေးဆတ်ပြသောအခါ မောင်က နေ့ခါးအားဆွဲဖက်ရင်း.....
"မောင်က ပွစိပွစိပြောတယ်လား"
"ဟင်"
"မောင်က မင်းထက် ကလေးကို သည်းသည်းလှုပ်တယ်ပေါ့လေ ပြီးတော့ ဆေးမသောက်ရင်ကို ကမ္ဘာပျက်သလိုပဲတဲ့လား"
နေက အစက မောင်ပြောသည့် စကားကို သေချာနားမလည်သော်လည်း နောက်တော့မှ မောင်တစ်ယောက် နေဖုန်းပြောတာကို ကြားသွားလိမ့်မှန်း သိလိုက်ရသည်။
ဒါ့ကြောင့် မောင့်အားစကားမပြောသေးပဲ နေတို့ ပုံရိပ်ထင်ဟပ်နေသော မှန်ပြင်ထဲ ကြည့်လိုက်ရင်း....
"မဟုတ်လို့လား မောင်က တကယ်ကို ပွစိပွစိပြောပြီး နေ့ထက် ကလေးကိုပိုဂရုစိုက်နေတာလေ"
"ဟော မောင်က မင်းဗိုက်ထဲက ကလေးကို ဂရုစိုက်တာထက် မောင့်ရဲ့ အချစ်ကလေး မင်းကို ပိုဂရုစိုက်တာပါဗျာ့"