Part 6

3.6K 218 13
                                    

<Unicode>

သည်းထန်စွာ ရွာသွန်းနေသော မိုးကောင်းကင်ကြီးကို တစ်ချက်ကြည့်ရင်း နေ အကြည့်များကို TVထံသို့လှည့်လိုက််မိသည်။

အိပ်ယာနိုးကတည်းက မောင်တစ်ယောက် အပြင်ထွက်သွားသည်ဟု ကြားမိတာကြောင့် အငြိုးတကြီးရွာသွန်းနေပုံရသော မိုးကိုကြည့်ကာ မောင်မိုးမိမှာကိုလည်း စိုးရိမ်ရသေးသည် ပြီးမှ သူခင်ပွန်းက သာမာန်လူမဟုတ်တာကို သတိရသွားလေသည်။

အိမ်ရှေ့စံမင်းသားတစ်ပါးပဲ မိုးရွာရင်တောင် ထီးမိုးပေးမဲ့ သက်တော်စောင့်တွေရှိနေမှာကို တွေးမိတော့ နေက ရယ်မိ‌ေလသည်။

ထို့သို့နေရင်းမှ မပြောမဆိုပဲ ထွက််မသွားဖူးတဲ့လူက သူတရေးအိပ်နေချိန်ထွက်သွားသည်ဆိုတော့ အရေးကြီးကိစ္စရှိလို့ပင် ဖြစ်လိမ့်မည်ဟုလည်း တွေးမိသေးသည်။

အလုပ်ကိစ္စဆို အရမ်းမတွေးချင်တော့တာမို့ နေက အချိန်အတော်ကြာသည်အထိ TV Channel တွေမှတစ်ဆင့် ထုတ်လွှင့်နေသော ရုပ်သံအစီအစဥ်အချို့ကိုကြည့်ရှု့ရင်း ပြားချပ်နေသော သန္ဓေသားတည်ရှိရာ ဆီးစပ်နားသို့ ထိတွေ့လိုက်သည်။

လွန်ခဲ့တဲ့ တစ်ပတ်က နန်းတော်မှ ကြင်ယာတော်၏ ကိုယ်ဝန်အကြောင်းကို ထုတ်ပြန်ခဲ့တာကြောင့် အခုဆို လူတိုင်းက နေ့ကိုယ်ဝန်အကြောင်း သိနေကြပြီဖြစ်သည်။

နေ့ သဘောကတော့ ကလေးအကြောင်းကို သိပ်မကြေညာစေချင်သော်လည်း မောင့်မိဘတွေက သည်းသည်းလှုပ်နေတော့ မငြင်းဆန်နိုင်တော့ဆို ပိုမှန်ပေလိမ့်မည်။

"နေ"

အတွေးများနစ်ဝင်နေစဥ် ကျယ်လောင်သော မိုးသံကိုဖြတ်ကာ နားထဲစီးဝင်လာသော မောင့်အသံကြောင့် နေ ပြုံးလိုက််မိသည်။

ကုတ်အင်္ကျီအနက်ရောင်ကို ဆက်တီခုံပေါ်ပစ်တင်ကာ ဆိုဖာမှာထိုင်နေသော နေ့ကိုပွေ့ချီလျက် မောင်က သူ့ပေါင်ပေါ်ထိုင်စေသည်။

ရင်းနှီးပြီးသား ခန္ဓာကိုယ်တွေမို့ နေလည်း မရုန်းတော့ပဲ မောင့်လည်တိုင်ကို ပြန်လည်ချိတ်တွယ်ထားလိုက်သည်။

Inseparable LoveWhere stories live. Discover now