<Unicode>
"မောင့်ဆီလာ"
လက်ကိုကမ်းပေးရင်း ရင်ခွင်ထဲထည့်ကာ ဖက်တွယ်ထားလိုက်သူက နံဘေးက သတင်းထောက််များကို အာရုံမရှိဟန်။
ကျောပြင်မှ သက်ဆင်းသွားသော မောင့်လက်ဖဝါးတို့က ခါးထံရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် နေက သူ့နာမည်ကို အော်ခေါ်နေကြသော လူအုပ်ထံ လက်လှမ်းပြလိုက်လေသည်။
ကိုယ်ဝန်ကြောင့် ဖြူဥနေသည့် မျက််နှာနုနုလေးက သွေးရောင်သန်းနေကာ အနည်းငယ်စူထွက်နေသည့် ဝမ်းဗိုက်က လူအများ၏ အာရုံစိုက််ခံရမှု့ကို ဆွဲဆောင်နေလေသည်။
တော်ဝင်မိသားစုဝင်ပီသစွာ ကျော့ရှင်းနေသည့် ကိုယ်မူဟန်ဖြင့် အပြုအမူက အားလုံး၏အမြင်ကို မလွဲနိုင်စေသည့်အထိပင်။
လူအုပ်ကိုသေချာ နှုတ်ဆက်ရင်း ပြုံးပြတော့ ကျောပြင်က မောင့်လက်ဖဝါးက နေ့၏လက်ဖဝါးအား ဆုပ်ကိုက်လာကာ...
"မောင်တို့ ပွဲထဲ ဝင်ရအောင်"
"ဟုတ်"
အစောင့်များခြံရံပြီး ပွဲအခမ်းအနားထဲသို့ နေတို့ ဝင်ရောက်လာကြသည့်အခါ ပွဲကလူကြီးများက မောင့်အနားသို့ ရောက်ရှိလာကြသည်။
နေက အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်၍ နှုတ်ဆက်ကာ မောင့်လက်ချောင်းများထံက လက်ထပ်လက်စွပ်ကိုသာ ငုံ့ကြည့်ရင်း ဆော့နေမိသည်။
ပွဲချိန်တစ်လျောက်လုံး လူမမြင်ေအာင် သန်းဝေလိုက် လူကြီးတွေနှင့် စကားပြောနေသည့် မောင့်လက်ကို ဆော့ကစားလိုက််နှင့် နေ အတော်ပျင်းနေခဲ့သည်။
စံအိမ်တော်မှာဆိုလျှင်တောင် စိတ်ရှိသလို နေလို့ရမည်ဆိုပေမဲ့ အခု့က အပြင်မှာမို့ စိတ်လွတ်ကိုယ်လွတ်မနေရပေ။
ကိုယ်ဝန်ရှိလာကတည်းက ဂျီကျကာ အငြိမ်မနေတတ်သည့် နေ့အတွက်တော့ အခု့လို ထိုင်နေရတာ အလွန်ပျင်းဖို့ကောင်းလှသည်။
နေ ထိုသို့ ပြုမူသည့် အချိန်တိုင်း မောင်က နေ့ဆီသို့ တစ်ချက် တစ်ချက့်လှည့်ကြည့်လာခဲ့ပေမဲ့ ဘာမှမပြောခဲ့ချေ။