Unicode
" အောက်ကကျောက်ပြားတွေနဲ့ ချော်လဲတော့မှာဘဲကွာ"
"မောင်!!!"
သူ့ဘာသာပြောရင်း လူကို ဆွေ့ခနဲပွေ့ချီလိုက်သော မောင့်ကို နေ ထုသာထုပစ်လိုက်တော့သည်။
ဆေးရုံကဖြင့်ဆင်းလာတာ ၂လပင်ရှိပြီကို ကိုယ့်ဘာသာ သန့်စင်ခန်းသွားလည်း အနောက်က လိုက်၊ မျက်နှာသစ်လည်း အနောက်က တစ်တစ်ကောက်ကောက် ရေချိုးတော့လည်း တစ်ယောက်တည်းပေးမချိုး အခု့လည်းကြည့် သန့်စင်ခန်းကထွက်လာယုံလေးကို လူကိုဆတ်ခနဲနဲ့ တကယ် ပိုကိုပိုလွန်းတယ်။
"အ!! အချစ်"
ဝမ်းဗိုက်ကို လိမ်ဆွဲလာသော လက်ချောင်းလေးကြောင့် ငုံ့ကြည့်မိတော့......
"ဘာကိုလာကြည့်နေတာ လူဆိုး ၊ အပိုတွေလုပ်နေတယ်"
"ဟောဗျာ မောင်က"
"တိတ် သားနိုးသွားလိမ့်မယ် "
အင်တင်တင်ဖြင့် ပါးစပ်ပိတ်ကာ နေ့ကို အိပ်ယာပေါ်သာ ချပေးလိုက်ရသည်။
တည်တံ့ အနိုင်ကျင့်ခံလိုက်သလို ခံစားချက်ပင်။သူမှာတော့ နေ ကလေးမွေးပြီးကတည်းက အမြဲတမ်းစိုးရိမ်နေရတာ ။
ရေအေးတွေကိုင်မှာ၊ ရေချိုးကြာလို့အအေးပတ်မှာ ၊ ချော်လဲမှာ အကုန် ဖြစ်နိုင်ချေရှိတာတွေအကုန် တွေးပြီး စိုးရိမ်ရတဲ့ဟာကို သူ့ရဲ့ကြင်ယာတော်ကတော့ သူ့ကိုရှောင်ပြီး သူ့ထက် ကလေးကို ပိုဦးစားပေးနေသလိုပဲ။
နေ ကတော့ ယင်းအကြောင်းတွေကို အာရုံမရှိဘဲ အိပ်ပျော်နေဆဲဖြစ်သော သား၏ စောင်ကို သေချာလုံအောင်ပြန်ခြုံပေးရင်း ကလေးမွေးထားလို့ လျော့ရဲနေသော သူ၏ဗိုက််သားပြင်အကြောင်းကို တွေးနေလေသည်။
သားကို ကိုယ်ဝန်လွယ်ထားရတုန်းက မောင် သံလွင်ဆီတွေလိမ်းပေးထားလို့ အကြောပြတ်တာမျိုးမရှိပေမဲ့ ကလေးမွေးပြီးကာစဆိုတော့ လျော့ရဲကာရှုံတွနေသော သူ၏ဗိုက်ကြောင့် အတွေးများရသည်။
ဆေးရုံကမဆင်းခင် ဆရာဝန်ပြောတာတော့ နောက် ၂လလောက်ဆို လေကျင့်ခန်းပြန်လုပ်ရင် နောက်ပိုင်းအဲတာတွေမရှိတော့ဘူးလို့ပြောပေမဲ့ နေက ဒီလိုပုံစံကြောင့် မောင်နှင့် နီးနီးကပ်ကပ်လည်း မနေချင်ပေ။