<Unicode>
"မောင်!!!!!"
နေက ဝမ်းသာကြည်နူးစိတ်တို့ဖြင့် မောင့် လက်ဖဝါးကို အားကိုးတကြီး ဆုပ်ကိုင်လိုက််မိသည်။
ကလေးလေး ။ အခု သူနှင့်မောင်မှာ ချစ်မြတ်နိုးရမည့် သွေးသားရှိလာခဲ့ပြီ။
တော်ဝင်မိသားစု၏ များစွာသော ပိုင်ဆိုင်မှု့များထဲမှ တစ်ခုဖြစ်သော ဆေးရုံ၏ VVIPအခန်း၌ တည်ရှိနေသော ကြင်ယာတော်အကြောင်းဟာ မည်သူမျှထင်ထားလိမ့်မည်မဟုတ်ပါ။
ဆေးဘက်ဆိုင်ရာ ပစ္စည်းအစုံအလင်နှင့် ထိပ်တန်း ဆရာဝန်ကြီးများ ရှိသည်အပြင် ကြင်ယာတော်ရှိရာအခန်းသို့ တင်းကြပ်သော လုံခြုံရေးရှိသည်မို့ လာစစ်ဆေးပေးသော ဆရာဝန်နှင့် သူနာပြုများထံမှ ကြင်ယာတော် ဆေးရုံရောက်ရှိနေသည့်အကြောင်း ပေါက်ကြားသွားမည်ကို စိုးရိမ်စရာမရှိပါ။
အက်ထရာစောင်းဓာတ်ပုံကို နှစ်ယောက်သား ကြည့်ပြီးသည်အထိ မောင်က သူကိုယ်တိုင်တောင် မယုံကြည်နိုင်ဟန်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသော နေ့လက်ဖဝါးကို ပြန်လည်ဆုပ်ကိုင်ရင်း....
"တကယ် ကိုယ်ဝန်ရှိနေတာ အမှန်ပဲမဟုတ်လား"
"ဟုတ်ပါတယ် အရှင့်သား ၊ ကြင်ယာတော်မှာ ကိုယ်ဝန်ရှိနေတာပါ ၊ သန္ဓေသားက အခုမှ ေလးပတ်ပဲရှိသေးတော့ နုနယ်သေးတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်"
ဆရာဝန်စကားဆုံးသည်နှင့် တည်တံ့ ကြင်ယာတော်၏ နဖူးအားနမ်းကာ....
"အချစ်ကြားလား မောင် ကလေးအဖေဖြစ်ပြီ!!!"
နေက ကျယ်လောင်စွာ ရယ်မောနေသော မောင်ကိုကြည့်ကာ သူကိုယ်တိုင်ပင် မသိလိုက်ပဲ ရယ်နေမိသည်။
မောင်က ထိုမျှဖြင့်ပင် ကျေနပ်သေးဟန်မပေါ် ချက်ချင်းပင် တော်ဝင်နန်းဆောင်က သူ၏ခမည်းတော်နှင့်တကွ နေ့၏ မိဘများကိုပါ ဖုန်းဆက််ကာ ကြွားဝါနေဟန်ရှိသည်။
ယင်းနောက််မှာတော့ အချိန်မည်မျှပင် မကြာခင််မှာ ရောက််ရှိလာသော နှစ်ဖက််မိဘများကိုကြည့်ကာ နေ အံြသမင်သက််မိသည်။