Chapter -2(ရှေး/ရှေး)

3.5K 545 46
                                    

Zawgyi

တစ်ပတ်လောက် နှောင်းတေးမာန် အနားယူချင်ယောင်ဆောင်ပြီးနောက်မှာ ဒီအိမ်က လူတွေအကြောင်းကို သိလာတော့သည်။နှောင်းတေးမာန်မှာ အလုပ်ကို သေမတက်ကြိုးစားလုပ်တဲ့အဖေနဲ့အလုပ်သရဲအစ်ကိုတစ်ယောက်ရှိပြီး နူးညံ့ပြီး နှောင်းတေးမာန်ကို ငုံထားမတက်ချစ်တဲ့အစ်မတစ်ယောက်နဲ့ နှောင်းတေးမာန်မျက်နှာရှုံ့သွားရင် ဆရာဝန်တန်းခေါ်တဲ့အမေတစ်ယောက်လည်းရှိသည်၊

နှောင်းတေးမာန်ရဲ့အဖေဟာ 'တေးမာန်' စီးပွားရေးအဖွဲ့အစည်းကြီးရဲ့ဥက္ကဠဖြစ်ပြီး နာမည်ကတော့ ဦးကုသိုလ်မာန်ဖြစ်သည်၊ဦးကုသိုလ်မာန်နဲ့ဒေါ်လရိပ်တေးမှာ သားနှစ်ယောက်၊သမီးတစ်ယောက်ရှိပြီး အကြီးဆုံးကတော့ သားယောက်ျားလေးဖြစ်ပြီး လရိပ်စစ်မာန်လို့ခေါ်ပြီး အလတ်ကတော့ မိန်းကလေးဖြစ်ကာ ပိုးတေးမာန်လွှာလို့ခေါ်ပြီး နှောင်းတေးမာန်ကတော့ အငယ်ဆုံးလေးဖြစ်ပြီး တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ် အချစ်ခံရသူလေးဖြစ်သည်။

လက်ရှိနှောင်းတေးမာန်ကတော့ ထိုအချစ်ခံရမှုနဲ့ နေသားမကျသေးပေ၊သူ့မှာ နှာချေမိတာနဲ့ ဆရာဝန်လို့ထအော်တဲ့အမေရယ် 'ငါ့မောင်လေးက လှလိုက်တာ...အိုးကွယ် နေမကောင်းတာတောင် လှရက်နိုင်သူလေး'လို့ တွေ့တာနဲ့ နည်းမျိုးစုံချီးကျူးနေတဲ့အစ်မရယ်ကြောင့် နှောင်းတေးမာန်ကိုယ်ထဲက ဒီပါခေတ်မှာ ထိုဖိအားတွေကြောင့် တိုင်နဲ့ခေါင်းသာ ပြေးဆောင့်လိုက်ချင်ပေမယ့် တိုင်ကို ဆောင့်မိရင်လည်း 'တိုင်တန်ဖိုးလျော့သွားအုံးမယ် စီးပွားရေးသမားဆိုတာ ကိုယ့်လက်ထဲမှာရှိနေတာကို တိုးပွားအောင်ပဲ လုပ်သင့်တယ် ဆုတ်ယုတ်အောင် မလုပ်သင့်ဘူး'လို့ ပြောမဲ့အစ်ကိုပါရှိနေသေးသည်၊

ဦးကုသိုလ်မာန်ကိုလည်း ပုံမှန်မထင်ကြနဲ့အုံး၊နှောင်းတေးမာန်အဖေဟာ အဆိုးဆုံးပင်၊ဘယ်လောက်ထိလဲဆိုရင် ထမင်းစားလို့ ထမင်းလုံး ပန်းကန်ထဲကနေ ပြုတ်ကျမိပြီဆိုတာနဲ့ ဆန်တစ်စေ့ရဲ့တန်ဖိုးကို ထိုင်ပြောနေတော့တာပဲ၊ နှောင်းတေးမာန်ဟာ ရေတောင် မမှောက်ရဲတဲ့ဘဝကို ရောက်ရှိနေခြင်းဖြစ်သည်။

အခုတော့ အနည်းငယ်လွတ်လပ်နေတာပေါ့၊ဦးကုသိုလ်မာန်နဲ့လရိပ်စစ်မာန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားပြီး ပိုးတေးမာန်လွှာဟာလည်း နောက်ထပ်ဘွဲ့တစ်ဘွဲ့ယူမည့်ကိစ္စနဲ့ပတ်သတ်ပြီး အလုပ်များနေရုံသာမက ဒေါ်လရိပ်တေးဟာလည်း အလှူအတန်းကိစ္စနဲ့အလုပ်ရှုပ်နေတော့သည်၊

Don't Run away!My little OmegaWhere stories live. Discover now