Zawgyi
[အိုမီဂါဖြစ်ချင်သူလေးTT: စီးပွားရေးအရယူကြတာနေမှာပေါ့ ဘာများအထင်ကြီးစရာကောင်းနေလို့လဲ ရှေးခေတ်အလင်္ကာနဲ့သုတမြဲကမှ အချစ်စစ်တာ]
[တေးမာန်အိမ်တော်ရဲ့အလှလေး:အငုံစိတ်လေးနဲ့နော် မဆိုးပါဘူး]
[letmeblowyoualphakoko: ခွီးးးးးး ဆောတီးနော် ရယ်ချင်လို့]
[ကျွန်တော့်လောင်ကုန်းကတရုတ်မှာပါဗျ: သူတို့ဘာသာ ဘယ်လိုယူယူပေါ့၊ မင်းတောင် ဦးညဏ်ခေတ်တလွန်ကို ယူနိုင်လို့လား...]
[ဘေးအိမ်ကအစ်ကိုကြီးကိုငါယူမယ်: ယူနိုင်လို့လားမမေးရဘူး အပြင်မှာဆုံဖူးရဲ့လားပဲမေးရမှာပါနော်]
[အိုမီဂါဖြစ်ချင်သူလေးTT:ငါက မရည်ရွယ်ပဲပြောမိတာပါ...ငါ့အမြင်မှာ ရှေးခေတ်အင်္လကာနဲ့သုတမြဲတို့က ပိုအချစ်စစ်နေတာပဲလေ]
[ဘေးအိမ်ကအစ်ကိုကြီးကိုငါယူမယ်: တစ်နေ့ကပြောတော့ 'ငါက သုတမြဲဘက်ကမဟုတ်ဘူး'ဆို အခုတော့ နှောင်းတေးမာန်က ညဏ်ခေတ်တလွန်နဲ့တွဲကြောင်း ပိုစ့်မြင်တော့ အချစ်စစ်မဟုတ်ဘူးပြောလာရော...ထူးဆန်းတယ်နော် ညီလေး]
[တေးမာန်မိသားစုရဲ့အလှလေး: တွဲတဲ့အဆင့်မဟုတ်သေးပါဘူး ငါ့ကို လိုက်ပိုးပန်းတဲ့အဆင့်ပဲရှိပါသေးတယ်]
သုတမြဲက နှောင်းတေးမာန်ရဲ့စကားကြောင့် ဖုန်းကိုကျစ်ကျစ်မြည်အောင်ဆုပ်ကိုင်လိုက်ပြီး အောက်နူတ်ခမ်းကို သွေးထွက်တဲ့အထိပေါက်အောင်ကိုက်မိလိုက်သည်၊ပိုးပန်းတယ်...ဒီစကားလုံးက သူအလိုချင်ဆုံးပင်၊
ရှေးခေတ်အလင်္ကာကို မြူစွယ်ဖို့ တစ်ဖက်လူရဲ့ပိုးပန်းမှုတွေကိုတောင် သူမစောင့်ပါပဲ ရှေးခေတ်အလင်္ကာအိပ်ယာထဲကို သူတက်ခဲ့သည်၊နှောင်းတေးမာန်ကို စိတ်ပြန်ပါသွားမှာ ကြောက်စိတ်ဖြင့် ရှေးဘက်က သူမှသူပဲဖြစ်အောင် နည်းမျိုးစုံနဲ့ဖြားယောင်းခဲ့သည်၊ဒါပေမယ့် ရှေးဆီကနေ ပိုးပန်းတာမျိုးကို သုတမြဲမခံခဲ့ရဖူးပေ၊
သူတို့နှစ်ဦးက ချစ်သူမဟုတ်၊သူငယ်ချင်းမဟုတ်ကြားမှာ တည်ရှိခဲ့ပေမယ့် အခြားသူတွေအားကျလောက်တဲ့အထိ ရှေးဆီကနေ သုတမြဲပိုးပန်းမခံရဖူးပေ၊ဒါကြောင့် နှောင်းတေးမာန်စကားတွေကို မြင်တော့ ထိန်းမရအောင် စိတ်တိုလာတော့သည်၊