Zawgyi
နှောင်းတေးမာန် အခန်းထဲကိုရောက်တော့ သူ့ခေါင်းသူထုလိုက်ပြီး မကျေမနပ်ပြောလာတော့သည်၊
"ဒီပါခေတ်ရေ မင်းစာဖတ်သူတွေသာ သိရင် ပြောကြတော့မယ်"
သေချာပြောကျမှာ အမှန်ပေ၊'ဒယ်ရေ ဇာတ်လိုက်ကို ချေမယ်ဆို အခုတော့ ကပ်ကပ်လန်ကိုစွာနေတာပဲ''ဒယ်ရေ ကိုယ့်ကိုယ်ကိုယ် အတိတ်မေ့နေတာလေးဆိုတာ သတိရသေးပါ' သူတို့စကားတွေတောင် နားထဲကြားလာသလိုပဲ၊
မဖြစ်ဘူး၊ငါက Systemရေးတဲ့စာရေးဆရာပဲ၊လှည့်ကွက်မျိုးစုံနဲ့ဇာတ်လမ်းတွေကို ထွင်လာတဲ့သူတစ်ယောက်ပဲ၊သူများစာအုပ်ထဲမှာ အထိုးအကွက်မရှိ လွတ်ချင်တိုင်းလွတ်နေတဲ့နွားမဟုတ်ဘူး၊စိတ်အေးအေးလေးထားပြီး ရှေးဆိုတဲ့သတ္တဝါနဲ့ ရင်ဆိုင်ရမယ်၊
နေဦး ငါ့ပလန်ထဲမှာ ကလဲ့စားချေတာမှ မပါခဲ့တာ၊ပါလား မမှတ်မိတော့ဘူး၊ ပါပါမပါပါ ထည့်ပြီ၊အဲ့ရှေးဆိုတဲ့သတ္တဝါ ငါဒီပါခေတ် ကြည့်မရပါဘူး၊
နောက်တစ်နေ့ရောက်တော့ နှောင်းတေးမာန် အားကြိုးမာန်တက်နဲ့အောက်ထပ်ကို ဆင်းလာတော့သည်၊သူတို့အိမ်ဟာ လေးထပ်တိုက်ဖြစ်ပြီး တတိယထပ်ဟာ နှောင်းတေးမာန်အတွက်ဖြစ်သည်၊တတိယအထပ်မှာ အခန်းငါးခန်းရှိပြီး သီးသန့်ရေချိုးခန်း၊အဝတ်အစားအခန်း၊အခြားတိုလီမှုတ်စ ထည့်ချင်တာထည့်တဲ့အခန်းနဲ့ ဘယ်တော့မှ မဝင်ဘဲ မှိုတက်နေတဲ့ဂီတခန်းရှိနေပြီး တစ်ထပ်လုံးကို နှောင်းတေးမာန်သာ ပိုင်သည်၊
နှောင်းတေးမာန် အောက်ထပ်ကိုရတော့ သူ့မိခင်ရဲ့ရယ်သံရွှင်ရွှင်ကို ကြားလိုက်ရပြီး မနေ့ကတွေ့ခဲ့တဲ့ရှေးဆိုတဲ့သတ္တဝါဟာလည်း သူအမေနဲ့စကားပြောနေပုံရသည်။
"သားငယ်လေးတောင် နိုးလာပြီပဲ"ဒေါ်လရိပ်တေးဟာ ထုံးစံအတိုင်း မိခင်တို့ရဲ့ရောင်ဖြာကြီးတွေနဲ့ပြောဆိုလာတော့သည်၊နှောင်းတေးမာန် မပြုံးချင်ဘဲပြုံးလိုက်သည်၊
"ဒီမှာ ရှေးတောင် ရောက်နေတယ်... " ဒေါ်လရိပ်တေးဟာ ရှေးဘက်လှည့်လိုက်ပြီး နှောင်းတေးမာန်ကိုပြောလိုက်သည်၊နှောင်းတေးမာန်ဟာ 'ဟုတ်'တစ်လုံးသာ ပြန်ဖြေလိုက်ပြီး ဒေါ်လရိပ်တေးဘေးနား ဝင်ထိုင်နေလိုက်တော့သည်၊