Zawgyi
နှောင်းတေးမာန်နဲ့သုတမြဲကိစ္စဟာ အနည်းငယ်တော့ သတင်းပြန့်သွားပေမယ့် Nee kunရေးထားတဲ့ဇာတ်လမ်းအတိုင်း ကွဲထွက်သွားတာ အမှန်ပေ၊Nee kunရဲ့ဇာတ်လမ်းထဲမှာတော့ သုတမြဲဘက်ကသာ အမြဲအသာရရှိခဲ့ပြီး နှောင်းတေးမာန်ကတော့ ငွေဂုဏ်နဲ့မောက်မာနေပြီး စဉ်းစားဥာဏ်မရှိတဲ့သခင်လေးတစ်ယောက်ထက် မပိုပေ၊
ဒီပါခေတ်ရဲ့တုန့်ပြန်ချက်အရ ပြန့်သွားတဲ့ကောလဟာလဟာ နှောင်းတေးမာန်ဟာ ရှေးခေတ်လင်္ကာကိုစိတ်ဝင်စားမှုမရှိကြောင်းနဲ့ သုတမြဲကတောင် နှောင်းတေးမာန်ဆီကို ရှေးခေတ်လင်္ကာပါသွားမည်ကို စိုးကြောက်နေတယ်လို့ ပြောလာတော့သည်၊ဘာပဲဖြစ်ဖြစ် ကြီးမားမှုမရှိတဲ့ကိစ္စဟာ လူတွေရဲ့ပါးစပ်မှာ မျိုးစုံထွက်ပေါ်လာတော့သည်၊ထိုဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကတော့ သုတမြဲကို ထိခိုက်စေတာ အမှန်ပေ၊ အစတည်းက သုတမြဲကို မနာလိုဖြစ်နေတဲ့သူတွေဟာလည်း ထိုကိစ္စကိုအကြောင်းပြုပြီး ကိစ္စသေးသေးလေးကို ပုံကြီးချဲ့လာပြီး နည်းမျိုးစုံနဲ့ စိတ်ဒုက္ခပေးလာတော့သည်။
နှောင်းတေးမာန်ကိုလည်း မထိခိုက်တာတော့မဟုတ်ဘူး၊ကိုယ်နဲ့စေ့စပ်ထားတဲ့ယောက်ျားဟာ အခြားသူဆီပါသွားရုံသာမက တစ်ဖက်ကဆွဲဆောင်သွားတဲ့သူဟာ ဘီတာဖြစ်နေတာကြောင့် အမြဲဦးစားပေးခံရတဲ့အိုမီဂါတွေကို သိက္ခာညှိုးစေတာ အမှန်ပေ၊ဒါကြောင့် တစ်ချို့အိုမီဂါတွေဟာလည်း နှောင်းတေးမာန်ကို မုန်းတီးလာကျသည်။
ဘာပဲဖြစ်နေပါစေ ကာယကံရှင်နှောင်းတေးမာန်ကတော့ သင်တန်းကျောင်းကနေတစ်ဆင့် မြို့လယ်ကစင်တာဇုံဘက်ကို ရောက်လာပြီး လိုအပ်တာတွေ ဝယ်နေတော့သည်၊အွန်လိုင်းပေါ်က ဝေဖန်တိုက်ခိုက်မှုတွေကို သူဟာစိတ်မဝင်စားသလို တစ်ဒင်ဒင်တက်လာတဲ့ဖုန်းသတိပေးချက်တွေကိုတောင် slientလုပ်တာ ဈေးဝယ်ထွက်လိုက်သေးသည်။
'ကူးပြောင်းလာတဲ့ချိန်တုန်းက နည်းနည်းတော့ စိတ်ပျက်မိပေမယ့်... အခုတော့ မဆိုးဘူးဘဲ' စားချင်တာစားရပြီး ဝယ်ချင်တာဝယ်လိုက်ရတာကြောင့် နှောင်းတေးမာန်ရဲ့စိတ်တွေဟာ အလွန်ကိုကြည်လင်နေတော့သည်၊သူရဲ့ကမ္ဘာကြီးဟာ ပန်းပေါင်းစုံပွင့်ဟနေတော့သည်၊
![](https://img.wattpad.com/cover/321558665-288-k731565.jpg)