Chapter - 7(မာန်နှစ်မာန်)

4.2K 596 45
                                    

Zawgyi

နှောင်းတေးမာန်ဟာ သီချင်းစာသားတွေကို အွန်လွန်းပေါ်ကနေ ရှာဖွေလိုက်တော့သည်၊သီချင်းကို သူနားထောင်လိုက်တဲ့ချိန်မှာ ရင်နှီးသလိုခံစားနေရတော့သည်၊ဒီရင်နှီးဟာ ဒီပါခေတ်ကြောင့်မဟုတ်ဘဲ နှောင်းတေးမာန်ကြောင့်ပင်၊မှတ်ဥာဏ်တစ်ချို့ကလည်း မသိမသာဝင်ရောက်လာသေးသည်၊

"ဆိုးလွန်းတဲ့ကိုကို"ဆိုတဲ့သီချင်းဟာ နှောင်းတေးမာန်အဖေကုသိုလ်မာန်ရဲ့အကြိုက်ဆုံးသီချင်းဖြစ်ပြီး တက္ကသိုလ်တုန်းက လရိပ်တေး(နှောင်းတေးမာန်မိခင်)ဟာ ကုသိုလ်မာန်ကို ထိုသီချင်းနဲ့ ချစ်ရေးဆိုခဲ့ကြောင်းနဲ့ နှောင်းတေးမာန်မှတ်ဥာဏ်တွေထဲမှာ သူ့မိဘတွေရဲ့ကြည်နူးရိပ်တွေဟာ အမြဲနေရာယူထားလျက်ရှိသည်၊

ဒီပါခေတ်ဟာ နှောင်းတေးမာန်ရဲ့မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းရရှိပြီးနောက်မှာ ပြုံးသွားတော့သည်၊အနည်းဆုံးတော့ သီချင်းဟာ နှောင်းတေးမာန်နဲ့ရင်းနှီးနေပြီမလား၊

"နှောင်းတေးမာန်...မင်းက မြဲကို မနာလိုဖြစ်ပြီး ဒီပြိုင်ပွဲကို ဝင်ပြိုင်တယ်ဆို..." နှောင်းတေးမာန်ဖုန်းကြည့်နေတုန်းမှာ အနောက်ကယောက်ျားတစ်ယောက်အသံကြောင့် စိတ်လေစွာ နှာမှုတ်လိုက်သည်၊ဒါပေမယ့် သူဟာ ဂရုမစိုက်ဘဲ သီချင်းစာသားကိုသာ အလွတ်ကျက်နေတော့သည်။

"ရှေး...နှောင်းကို အဲ့လိုမပြောပါနဲ့...သူလည်း ရှေးဆီက အသိအမှတ်ပြုတာ လိုချင်လို့ ဝင်ပြိုင်တာလဲ ဖြစ်နိုင်တာပဲလေ...ပြီးတော့ ကျွန်တော့်ကို မနာလိုဖြစ်တာဆိုရင် ကိစ္စမရှိပါဘူး ကျွန်တော်ဘက်က အဆင်ပြေပါတယ်" ချွဲနွဲ့နွဲ့အသံပါ ကပ်လာချိန်မှာ နှောင်းတေးမာန် လှည့်မကြည့်သေးပေ၊သူဟာ ပြုံးပြုံးလေးနဲ့သာ ဖုန်းကိုသာ ကြည့်နေဆဲပင်၊

'ဒီပါခေတ်က သဘောကောင်း၊မနောကောင်းတယ်...ဒီလိုကိစ္စလေးနဲ့ဒေါသမထွက်ဘူး'

"အဲ့လို သဘောကောင်းနေတော့ ကိုယ်က မင်းအတွက် စိုးရိမ်မိပြန်ပြီ မြဲရယ်" ရှေးရဲ့စိတ်ပူသံကြောင့် သုတမြဲဟာ ရှက်ကာခေါင်းငုတ်သွားတော့သည်၊ထိုနောက်မှာ ရှေးခေတ်လင်္ကာရဲ့လက်ကိုကိုင်လိုက်ပြီး ပြုံးလိုက်သည်။

Don't Run away!My little OmegaTempat cerita menjadi hidup. Temukan sekarang