Zawgyi
သုတမြဲက စိတ်သောတဝေနေပေမယ့် နှောင်းတေးမာန်ကတော့ နေ့ရက်တိုင်းကို ပုံမှန်အတိုင်းသာဖြတ်သန်းနေတော့သည်၊ နှောင်းတေးမာန်ရဲ့ပုံမှန်နေ့ရက်တွေကတော့ ညဏ်ခေတ်တလွန်နဲ့အတူ ရှိနေတတ်တာဖြစ်သည်၊
တစ်ရက်မှာတော့ တေးမာန်အိမ်တော်ကို ရှေးခေတ်အလင်္ကာက သုတမြဲကိုခေါ်ဆောင်ကာရောက်လာတော့သည်၊နှောင်းတေးမာန်က အဲနှစ်ယောက်ကိုမတွေ့ချင်ပေမယ့် ညဏ်ခေတ်တလွန်လည်းရှိနေတာကြောင့် စိတ်မပါစွာ ဧည့်လက်ခံလိုက်သည်၊သုတမြဲရဲ့ပုံစံက ရေမလောင်းရသေးတဲ့ပန်းပင်လို ညှိုးနွမ်းတဲ့ပုံသဏ္ဍာန်တည်ရှိနေပေမယ့် နှောင်းတေးမာန်နဲ့ညဏ်ခေတ်တလွန်က အရေးမစိုက်ပေ၊
"ဘာကိစ္စလဲ" နှောင်းတေးမာန်က ရှေးခေတ်အလင်္ကာကိုကြည့်ရင်းမေးလိုက်ပြီးနောက်မှာ သုတမြဲကိုကြည့်လိုက်သည်၊သုတမြဲက အနည်းငယ်သတိလက်လွတ်ဖြစ်နေပြီး မျက်ဝန်းထဲရှိ မနာလိုမှုများကို အတော်သည်းခံစွာဖုံးကွယ်ထားပုံရသည်၊သုတမြဲက နှောင်းတေးမာန်တို့က ချမ်းသာမှန်းသိပေမယ့် ဒီလောက်ချမ်းသာမယ်မှန်းမယုံကြည်ခဲ့ပေ၊
ဒီလိုချမ်းသာတာကြောင့် ဘာကြောင့် သူရဲ့ဆုကို လုယူခဲ့ရသေးတာလဲ၊ပြီးတော့ သူ့အား ခြောက်ချရသေးတာလဲ၊ သုတမြဲက စိတ်ထဲမှာ မနာလိုမုန်းတီးမှုများဖြင့် ခါးတူးနေသော်လည်း အပြင်ပန်းမှာတော့ နှောင်းတေးမာန်ကို အောက်ကျို့ခံစွာတောင်းပန်လိုက်သည်၊
"ငါတောင်းပန်ပါတယ် နှောင်းတေးမာန်...ရှေးကို ချစ်တာကြောင့် မလုပ်သင့်တာတွေ ငါလုပ်မိခဲ့တယ်"
"ရှေးခေတ်အလင်္ကာကို ချစ်တာကြောင့်..." နှောင်းတေးမာန်က ကိုယ့်အမှားကိုမမြင်ပဲ အခြားသူအားခုတုံးလုပ်တာပြောလာတဲ့သုတမြဲကြောင့် နူတ်ခမ်းထောင့်များကော့တက်သွားပြီး မေးလိုက်သည်၊
"ဟုတ်တယ်..."
"နေပါဦး...ဒါက နဲနဲအဓိပ္ပါယ်မရှိဘူးလို့မခံစားရဘူးလား... နော် ဦးညဏ်" နှောင်းတေးမာန်က သုတမြဲတို့ကိုကြည့်ကာမေးလိုက်ပြီးနောက် ညဏ်ခေတ်တလွန်ဘက်ကိုလှည့်ကာမေးလိုက်သည်၊