Zawgyi
နှောင်းတေးမာန် အောက်ထပ်ကို ဆင်းလာချိန်မှာတော့ သူ့မိဘတွေက မနက်စာစားနေတုန်းပင်၊
"သားငယ် သွားစရာရှိလို့လား"
ပြင်ဆင်ပြီးထွက်လာတဲ့နှောင်းတေးမာန်ကြောင့် ဒေါ်လရိပ်တေးက မေးလာတော့သည်၊နှောင်းတေးမာန်လည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပြောလိုက်သည်၊
"ဦးညဏ်နဲ့ပြောစရာရှိလို့လေ...ဒီနားက ကော်ဖီဆိုင်မှာ ချိန်းထားလို့..." နှောင်းတေးမာန်က ပထမကအေးဆေးလေးပြောပေမယ့် ပြုံးစိစိဖြစ်လာတဲ့သူ့မိဘနှစ်ပါးကြောင့် နားထိပ်လေးတွေရဲလာတော့သည်၊
"ကျွန်တော်က သူ့ကို မကြိုက်ပါဘူးနော် "
"မေမေက ဘာပြောရသေးလို့လဲ" ဒေါ်လရိပ်တေးက ရယ်ရင်းစနောက်လိုက်တော့သည်၊နှောင်းတေးမာန်မှာ နူတ်ခမ်းလေးစူသွားပြီး သူ့မိခင်ကို မျက်စောင်းလှလှလေးထိုးလိုက်ပြီးနောက်မှာ ထွက်သွားရန်အလုပ်မှာတော့ ပိုးတေးမာန်လွှာက ခုံကနေ ထလာပြီးပြောလာတော့သည်၊
"မမ လိုက်ပို့ပေးမယ်လေ"
ပိုးတေးမာန်လွှာစကားကြောင့် နှောင်းတေးမာန်က ခေါင်းခါလိုက်ပြီး ငြင်းဆိုလိုက်သည်၊
"ဦးညဏ် လာလိမ့်မယ်..."
ထိုချိန်မှာပဲ ခြံထဲကို ကားတစ်စီးဝင်လာပြီး ကားပေါ်ကနေ ညဏ်ခေတ်တလွန်က ဆင်းလာတော့သည်၊သူက ဆင်ဝင်အောက်မှာရပ်နေတဲ့ တေးမာန်မိသားစုက အနည်းငယ်မျက်ခုံးတစ်ချက်ပင့်သွားပေမယ့် ယဉ်ယဉ်ကျေးကျေးပြုံးကာနူတ်ဆက်လိုက်သည်၊
"မင်္ဂလာပါ ဦးလေးနဲ့အဒေါ်..." ညဏ်ခေတ်တလွန်ဟာ ပိုးတေးမာန်လွှာကို ဘယ်လိုခေါ်ရမလဲမသိ အခက်တွေ့သွားတော့သည်၊ ပိုးတေးမာန်လွှာက ရိပ်မိသွားတာကြောင့် ခပ်တိုးတိုးရယ်မောလိုက်ပြီး ပြောလိုက်သည်၊
"ခယ်မလို့ခေါ်လို့ရတယ်နော် ခဲအို"
"မမ!! ဘယ်သူက သူ့ကို ယူမယ်ပြောမိလို့လဲ" နှောင်းတေးမာန်ရဲ့နားထိပ်လေးတွေက နီရဲသွားပြီး မကျေနပ်စွာပြောလိုက်ပေမယ့် အကုန်လုံးက ရယ်မောနေတာကြောင့် စိတ်ဆိုးစွာဖြင့် ညဏ်ခေတ်တလွန်ရဲ့ကားပေါ်တက်သွားတော့သည်၊