Chapter -4(သုတမြဲ/သုတမွဲ)

3.6K 572 40
                                    

Zawgyi

ရှေးခေတ်လင်္ကာရဲ့အ​ပြောအဆိုအရဆိုရင် စေ့စပ်ပွဲဖျက်သိမ်းချင်တဲ့ကိစ္စတွေဟာ လူကြီးတွေဆီထိ မရောက်သေးဘူးဆိုတော့ နှောင်းတေးမာန်ဟာ မည်သည့်အစွန်းအထင်းမှ မရှိသေးဘဲ လူအသိုင်းအဝိုင်းမှာ တေးမာန်အဖွဲ့အစည်းပိုင်ရှင်ရဲ့အချစ်ဆုံးသား၊ရှေးခေတ်လင်္ကာရဲ့စေ့စပ်ထားတဲ့သူလို့သာ သိကြသည်၊

ဒါအပြင် နှောင်းတေးမာန်ဟာ အိုမီဂါတွေသာ တက်ရောက်ပညာသင်ကြားပေးသည့်ကျောင်းတွေ စာတော်သည့်ကျောင်းသားတစ်ယောက်ဖြစ်ပြီး အနုပညာအတန်းကို တတ်ရောက်ချင်သူဖြစ်သည်။ဆိုးဝါးတာ တစ်ခုကတော့ နှောင်းတေးမာန်ဟာ အသံကောင်းပေမယ့် သီချင်းမဆိုတတ်ခြင်းပင်၊အခြားအနုပညာရပ်တွေနဲ့ပတ်သတ်ကြီး အဆင်ပြေလားဆိုတော့ မပြေပြန်ပေ၊ ဒါကြောင့် အနုပညာရပ်တွေ ပါရမီထူးချွန်တတ်ကျတဲ့အိုမီဂါတွေကြားမှာ အနည်းငယ်တော့အနှိမ်ခံရသည်။

အခုလည်း အဆိုလေ့ကျင့်ခန်းထဲမှာ နှောင်းတေးမာန်ဟာ ထိုင်နေပြီး ရှေ့က အသံလေ့ကျင့်နေတဲ့သူတွေကို ကြည့်လိုက်သည်၊အရင်က နှောင်းတေးမာန်ဆို အားကျနေမှာအမှန်ပေ၊ဒါပေမယ့် နှောင်းတေးမာန်ကိုယ်ထဲက ဒီပါခေတ်ကတော့ အေးဆေးစွာဖြင့် ချောကလက်တောင့် တစ်တောင့်ကိုတောင် ဖဲ့လိုက်ပြီး စားလိုက်သေးသည်၊

နေဦး၊ဘာလို့ တစ်ခုခုမေ့နေသလို ခံစားနေရတာလဲ၊နှောင်းတေးမာန်ကျောကို မတ်လိုက်ပြီး တစ်ခုခုကို လေးလေးနက်နက်တွေးနေတော့သည်၊ဒီကျောင်းနဲ့ပတ်သတ်ပြီး အချက်အလက်တော်တော်များများကို သူသိနေတာ မထူးဆန်းတော့ပေ၊

ဘာလို့လဲဆိုတော့ သုတမြဲဟာလည်း တက်သစ်စအဆိုတော်တစ်ယောက်ဖြစ်ပြီး အိုမီဂါတွေတက်ရောက်တဲ့ကျောင်းမှာ တက်ခွင့်ရှိခဲ့ခြင်းဖြစ်သည်၊ကျောင်းမှာ ကျင်းပတဲ့ပြိုင်ပွဲတွေကနေ တစ်ဆင့် လာရောက်အားပေးကြည့်ရှုတဲ့ရှေးခေတ်လင်္ကာရဲ့စိတ်ဝင်စားမှုကို သုတမြဲဟာ ရရှိခဲ့ခြင်းသာဖြစ်သည်။

ဆိုတော့ကား သုတမြဲဆိုတဲ့အဓိကဇာတ်ကောင်နဲ့ နှောင်းတေးမာန်ဟာ ဆုံရအုံးမှာပေါ့၊ထားလိုက်ပါလေ ရှေးခေတ်လင်္ကာကို နှောင်းတေးမာန်က စိတ်မဝင်စားတော့တာကြောင့် သုတမြဲရဲ့ အချစ်ပြိုင်ဘက်မဟုတ်တော့ပင်၊ကျောင်းမှာတော့ အေးအေးဆေးဆေးလေးနေတာပေါ့၊

Don't Run away!My little OmegaDonde viven las historias. Descúbrelo ahora