အလုပ်တွေနဲ့ စိတ်ညစ်စရာတွေ
ပိနေတဲ့ ကျတော့အတွက် ဆေးလိပ်များက
အဖော်ပြုပေးလို့နေပြီကျတော်သိတာပေါ့
ဒီနေ့က ကျတော်နဲ့ခလေးရဲ့
၁နှစ်ပြည့်မင်ဂလာနှစ်ပတ်လည်နေ့လေ
ဒါကြောင့် အိမ်ကိုစောစောပြန်ရန်
စီစဥ်ထားသော်လည်း အရေးကြီးကိစ်စ
တွေကြောင့်နောက်ကျပြန်ပြီလေကျတော့ကိုကျတော်လဲသိပါတယ်
ခလေးအပေါ် ဂတိတွေတစ်စတစ်စ
ပျက်လာတယ်ဆိုသာလေခလေးများစိတ်ဆိုးနေမလားဘဲနော်
နေ့တိုင်းလိုလို မရွှင်ပြတော့တဲ့ကျတော့
ခလေးငယ်ကြောင့် ဝမ်းနဲမိရတာအမှန်ပါသိစေချင်လိုက်တာခလေးရာ
ဦးကမငယ်တော့ပူး ၄၀ပြည့်နေပြီအသက်က
နောက်မလုပ်နိုင်မကိုင်နိုင်ဖြစ်ရင်
ခလေးကိုဘယ်သူလုပ်ကျွေးမှာလဲဟင်
ဒါကြောင့် လုပ်နိုင်တုန်းအလုပ်ကြိုးစားပြီး
နောင်ရေးမှာ ခလေးကောင်းကောင်းမွန်မွန်
နေနိုင်အောင်ဦးကြိုးစားနေတာပါဟူး....ည၁၁တောင်ရှိနေပြီ
အိမ်ထဲဝင်လိုက်တော့ခလေးက
ကျတော့မျှော်နေရင်းအိပ်ပျော်သွားတာ
ထင်ပါရဲ့လားလေ ခုံလေးပေါ်မှာ
မျက်နှာခလေးဖွက်ပြီးအိပ်နေတဲ့ခလေးက
ဘေးမှာလည်းထမင်းဝိုင်းကို
သေချာပြင်ဆင်လို့ထားလေပြီအိပ်ပျော်နေတဲ့ခလေးကိုမနိုးရက်တာ
ကြောင့်အသာလေးပွေ့ချီဖို့လုပ်တော့
ခလေးက အိပ်မနေခဲ့ပူးဗျ
မျက်ရေလေးတွေက ရေပြင်ပမာ
စီးကျနေပြီ ဘယ်လောက်ငိုထားလဲမသိ
မျက်နှာလေးကလဲနီးရဲလို့နေပြီ"ဦး...ဟင့်...ဘာလို့လဲဗျာ
ဘာလို့ အခုမှပြန်လာသာလဲ"အားမပါတဲ့လက်ခလေးတွေနဲ့
ရင်ခွင်ကိုစုံထုနေတဲ့ခလေးကြောင့်
ငိုချင်ပေမဲ့မျက်ရေတွေကိုထိန်းရင်
သိမ်းကြုံးဖက်ထားလိုက်သည်"ခလေး ဦးတောင်းပန်ပါတယ်
ဦးနဲ့ခလေးရဲ့နှစ်ပတ်လည်နေ့လေးမှန်း
သိပေမဲ့ အရေးကြီးကိစ်စတွေရှိလို့
ဦးနောက်ကျသွားသာပါ""ရပါတယ်ဗျာ...ကျတော့ထက်အရေးကြီးတဲ့
အလုပ်တွေလုပ်နေကတဲ့ဟာ ကျတော်
အပစ်မဆိုပါပူး"