ချစ်ရတဲ့ဦးရေ
ခါးသီးတဲ့အသုံးနှုန်းတွေသုံးနေကလဲ
ဒီရင်ထဲတစ်ခါမှမပါခဲ့ချေရိုးသားစွာဖွင့်ဟဝန်ခံရရင်
ဦးကိုချစ်တယ်
1စက္ကန့်သာရှင်သန်ရမယ်ဆိုလဲ
ဦးကိုပဲချစ်ခြင်ပါတယ်ဦးကျတော့ကိုများမုန်းသွားလေမလား
ခါးသီးတဲ့အသုံးအနှုန်းတွေက
ဦးကိုလဲနာကျင်စေသလို ကျတော်လဲ
ထပ်တူနာကျင်ကပါတယ်နှလုံးသားကပြောနေတယ်
သူအရမ်းပင်ပန်းနေပြီတဲ့
ဆက်ပြီမချစ်ပါနဲ့တော့
မုန်းလိုက်ပါတဲ့
ဟုက်ကဲ့ ကျတော်လဲနှလုံးသားရဲ့
အလိုတိုင်း ဦကိုမုန်းပါတယ်ဆိုတဲ့
ခေါင်းစဥ်ကိုတပ်ခဲ့မိသည်ကျတော်ဦးကို
ချစ်ရတာပင်ပန်းလာခဲ့ပြီလေ
ထပ်မချစ်ခြင်တော့ပူးရယ်
ရင်ထဲဝေဒနာတွေများလာတဲ့အခါ
အရာအားလုံးကိုမေ့ပစ်ချင်ပြီ
ဒီရင်ထဲဦးဆိုသူကိုလဲမေ့ပစ်ချင်ပါတယ်အချိန်ကြာလာရင်မေ့သွားမှာလို့
ထင်ခဲ့မိပေမဲ့ တဂယ်တမ်းကျ
ဖြစ်မလာခဲ့ပူး ပိုပြီနာကျင်ကတယ်
နောက်ဆုတ်လို့လဲမရတော့သလို
ရှေ့ဆက်ချစ်ဖို့လဲမဖြစ်နိုင်တော့တာမို့
ဦးရေ...ကျတော်တောင်းပန်ပါတယ်
ကျတော်ဦးကိုချစ်သည်
သို့သော်မုန်းသည်ဟုသာ
ခေါင်းစဥ်တပ်တော့မည်"ဟူး....ဦးကလဲကွာ
ပြန်မလာသေးပူး ဟွန့်..
ငါကဒီတိုင်းရွဲ့ပြောတာကို
တဂယ်တော့မလုပ်လောက်ပါပူးလေ
ဦးကအာ့လောက်ထိငါ့ကိုမချစ်ပူး"တီ......တီ......
"helloပြောပါ"
"အော်ဟုက်ကဲ့ပါခဗျ
ကျတော်တို့က ကယ်ဆယ်ရေးတပ်ဖွဲ့ကပါ""ဘာဖစ်လို့လဲ ကျတော့အမြန်ပြောပါ"
"ဟုက်ကဲ့ ဒီကိုအမြန်လာပေးပါ
ခမျာအမျိုးသားက
သေကြောင်းကြံစည်နေလို့ပါ""ဘာ..."
ရင်ထဲနစ်ဝင်သလားမှတ်ရအောင်
နာကျင်ရပါတယ် မလုပ်ပူးထင်လို့
ရွဲ့ပြောမိတဲ့စကားတစ်ခွန်းကို
အတည်လုပ်မယ်လို့ ဘယ်သူထင်မှာလဲ"helloကြားကလား ပြန်ဖြေပေးပါအုံး"
"သူအခုဘယ်မှာလဲ"