နူတ်ခမ်းကနေ မူတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက ကိုးရီးယားရဲ့ဆောင်းလေနဲ့အတူ ပျံလွင့်သွားလေသည်။ အိမ်အပေါ်ဆုံးထပ်ရဲ့ ၀ရံတာ ကောင်လေးနစ်ယောက်က ဆိုးလ်မြို့ကို အပေါ်စီးကနေ ခံစားနေလေသည်။
ကျွန်တော်ရဲ့လက်ချောင်းကြားက ဆေးလိပ်ကို ထယ်ယောင်းက ဆွဲယူလိုက်ရင်
" ငါလဲတိုက် "
ပါးစပ်ထက်လက်က လျင်မြန်လွန်းတဲ့ထယ်ယောင်း ။ ကျွန်တော်သောက်လက်စဆေးလိပ်ကို ထယ်ယောင်းက ကောက်ဖွာလိုက်တာ။
" စေ့စပ်ရတော့မယ်လူဆိုတော့ ပျော်နေတာပေါ့ ဟုတ်လား ?"
ကျွန်တော်က ဟန်ဆောင်ပန်ဆောင်နဲ့ပဲ မေးလိုက်လေသည်။ ဒါပေမဲ့ ကျွန်တော်နှလုံးသားက ဟန်ဆောင်နိင်လှတယ်လိုလည်းမဟုတ်ချေ။ ကျွန်တော်ရဲ့အခြေအနေကို ကျွန်တော်ထက် ဘယ်သူကများသိနိင်မှာတဲ့လဲ.... ?။
" ငါလိုချင်တဲ့အမျိုးသမီး ..ငါသဘောကျရတဲ့ အမျိုးသမီး...ငါ့အတွက် အနာဂတ်မှာချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ မွေးပေးမယ့် အမျိုးသမီးနဲ့လက်ထပ်ရတာပဲ ပျော်တာပေါ့... "
ထယ်ယောင်းက ကျွန်တော့်ရဲ့ ပုခုံးကိုလာဖက်ရင်ပြောလေသည်။ ကျွန်တော် ဘာမှဆက်ပြောမနိင်ခဲ့ပေ။
" သိတာပေါ့ ...မင်းသိပ်ပျော်နေတာ ငါသိတာပေါ့ "
ဒီကောင်က မင်းနဲ့ 25နစ်ကြာ ခင်လာတဲ့ သက်တမ်းရှိနေတဲ့ကောင်ပါ။ မင်းမျက်နှာညှိုးငယ်သွားရင်တောင် ဘာကြောင့်လဲ ငါသိနေတဲ့ကောင်။ အခုလည်း မင်းပျော်နေတာငါသိတာပေါ့....။
" မင်းကော့ ကြိုက်ရမယ့်လူ ချစ်ရမယ့်လူရှိပြီးလား... ?"
ထယ်ယောင်းက ကျွန်တော်ကိုအလေးအနက်ထားကာ မေးလေသည်။ ဒါပေမဲ့ ကျွန်တော်ရဲ့နှလုံးသားကလာတဲ့ စကားသံကိုတော့ ထယ်ယောင်းက တစ်ခါမှနားထောင်မပေးခဲ့ပါ။ နားမထောင်ပေးချင်လိုလည်း ဖြစ်နိင်သလို| နားထောင်ပေးချင်စိတ်မရှိလိုလည်းဖြစ်နိင်ပါတယ်။
" ဟက့် ... ငါဘယ်သူကိုချစ်နေလဲ.. ငါ့ဘ၀တစ်လျှောက်လုံး ဘယ်သူကိုပဲချစ်နေမယ်ဆိုတာ မင်းသိသားပဲ "
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။