" အိုကေ .."
ထယ်ယောင်း၏မျက်နှာကို ခရင်ခ် အနည်းငယ်လောက် လိမ်းပေးလိုက်ပြီးတော့မှာ စိတ်တိုင်းကျလေတော့သည်။ ဒီနေ့ မင်္ဂလာဆောင်တဲ့နေ့လေ ။ နစ်ယောက်လုံးသည်လည်း စိတ်လူပ်ရှားနေကြလေသည်။ ဂျီမင်က ပို၍စိတ်လူပ်ရှားနေလေသည်။ ဘာလိုဆို သူကိုယ်တိုင်ပဲ အရာအားလုံးကို အစအဆုံးပြင်ဆင်ထားရတာ ဖြစ်လို့ပဲ။
" ဘာလို အဖြူရောင်ကြီးပဲလဲ...?"
နစ်ယောက်လုံးရဲ့ ၀တ်စုံသည် အဖြူရောင်၀တ်စုံသာဖြစ်နေလေသည်။ မင်္ဂလာကိစ္စအားလုံးကို ဂျီမင်ကသာ ကိုယ်တိုင်တစ်ယောက်ထဲ စီစဉ်တာဖြစ်လေသည်။ပြီးတော့ အပြာရောင်ကြိုက်တဲ့လူက အဖြူရောင်ရွေးထားတယ်ဆိုတော့ ပို၍ထယ်ယောင်းက အံ့ဩနေတာ။ ပြီးတော့ ဒီနေ့ကျမှာပဲ ဒီ၀တ်စုံကို တွေ့ရတာလည်းဖြစ်လေသည်။
" အဖြူရောင်လေးပဲသဘောကျလို့လေ...ဘာလဲ မောင်က သဘောမကျလို့လား...?"
ဂျီမင် ထယ်ယောင်းအ၀တ်အစား၀တ်ဖို့အတွက် ကူညီပေးလေသည်။ တော်တော်လေးကိုခြေထောက်လေ့ကျင့်ရေးတွေလုပ်တာ အဆင်ပြေနေပြီးဖြစ်ပေမယ့် မင်္ဂလာဆောင်ပြီးတဲ့အချိန်ထိ ရပ်နိင်တဲ့အနေအထားထိတော့မဟုတ်သေးပေ။ ဒါတောင် ထယ်ယောင်းသည် စိတ်ကဆောင်နေလို အခြေအနေက အများကြီးတိုးတက်လာတာဖြစ်လေသည်။ ဂျီမင်ကတော့ အခုတော့ ထယ့်ယောင်းကို ကလေးတစ်ယောက်လို ဂရုစိုက်ပေးနေလေသည်။ ဒါကို ထယ်ယောင်းက မကြိုက်ပေ။ ကလေးလိုမြင်ပြီး အကုန်လုံးကို လိုက်လျှောက်လုပ်ပေးနေတာ။
" မဟုတ်ပါဘူး...မေးကြည့်တာ... "
" ဘယ်လိုလဲ မောင်...ငါကြည့်ကောင်းရဲ့လား ?"
ဆံပင်ကောက်ကောက်ကလေးတွေကို နစ်ဖက်ခြမ်းကာ သေချာပုံကျအောင်ဖီးထားတဲ့ပုံသည် အသက် ၃၀ပြည့်သွားပြီးဖြစ်တဲ့အမျိုးသားတစ်ယောက်နဲ့ လုံး၀မတူပဲ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ် ယောက်နဲ့သာ တူနေလေသည်။ သူ့အချစ်က အဲလောက်ထိနုပြီး သေးသေးလေးဖြစ်နေတယ်ဆိုတာပေါ့။ ခရင်ခ်ကလွဲရင် ဘာမှ လိမ်းခြယ်ထားခြင်းမရှိပေမဲ့ နီရဲနေတဲ့ နူတ်ခမ်းလေးသည် မနက်နိုးစက သူ့အနမ်းကြောင့် ပိုပြီးရဲတွတ်နေတာ။
ВЫ ЧИТАЕТЕ
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Фанфикသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။