" ကျစ်..."
ညကအိပ်ဆေးသောက်လိုက်ပေမဲ့လည်း မနက်အစောကြီးနိုးနေချေသည်။ အလုပ်ထွက်ထားတာကြောင့် အလုပ်မသွားရတာနဲ့ ဘူဆန်ကို သွားဖို့စိတ်ကူးရလေသည်။ ဘူဆန်မှာ တီလေးရဲ့အိမ်လေးတစ်လုံးရှိတာကို သတိရ၍ ချက်ချင်းပင် ကောက်ခါငင်ခါထွက်လာလေသည်။ အခုတော့ လမ်းတစ်၀က်ကျော်မှာ အိပ်ယာပေါ်မှာ ဖုန်းချထားမှန်းသတိရတော့သည်။ ပြန်ယူမလို စိတ်ကူးလိုက်ပေမယ့်လည်း ကိုင်စရာအကြောင်း ဘာမှမရှိတာကြောင့်ပြန်မယူတော့ချေ။ ဘယ်သူမှ သူ့ကိုမဆက်သွယ်စေချင်တဲ့စိတ်လည်း ပါလေသည်။ ကားပေါ်မှာ လိုက်ပါလာတဲ့တစ်လျှောက် အတွေးတွေထဲ မေ့မြောနေလေသည်။ ကားဆရာဖွင့်ထားတဲ့ ခေတ်ဟောင်းသီချင်းကြောင့် ကောင်းကောင်းအိပ်ပျော်ရလေသည်။
" တီတီ ..."
" သား ..!!"
သူ့ကိုမြင်သည်နှင့် တီတီက အံဩသင့်နေလေသည်။ တီတီကတော့ အားလုံးကိုအဆက်အသွယ်ဖြတ်ကာ ဒီမှာလာနေနေလေဟည်။ တီတီနောက်ကို သူလိုက်ခဲ့ချင်သာဖြစ်လေသည်။ ခြံအကျယ်ကြီးဖြစ်ပေမဲ့ ဘာအပင်မှာစိုက်ထားချင်မရှိတာကြောင့် ကွက်လပ်ဖြစ်နေချေသည်။ တစ်ထပ်တိုက်အိမ်လေးသည် သိပ်မကျယ်လှသော်လည်း နစ်ယောက်သားနေဖို့ဆို တော်တော်လေးကြီးလေသည်။ တီတီသည် သူ့ကိုပွေ့ဖက်တော့ သူ့လည်း အလိုက်သင့် ပြန်ပွေ့ဖက်လိုက်လေသည်။
" ဒီကိုလာလည်တာလား သား ..!!"
" ဟုတ်တယ်တီတီ ...ပြီးတော့ တီတီကိုလည်းလွမ်းလို့ "
တီတီက သူ့ကိုအိမ်ထဲခေါ်သွားလေသည်။ နစ်ယောက်သား စကားတွေအများကြီးပြောကျသလို ဒီရွာရဲ့အကြောင်းကိုလည်း ပြောပြလေသည်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပဲအများဆုံးရှိတဲ့ဒီနေရာလေးသည် အေးချမ်းလွန်းလှလေသည်။ ညနေရောက်ရင် ကလေးတွေရဲ့ဆော့ကစားသံကိုလည်း ကြားရပြီး မနက်အစောကြီးကျရင် လူကြီးတွေရဲ့ လမ်းထလျှောက်မူကြောင့်လည်း စည်ကားနေတက်လေသည်။ လူငယ်တွေအများဆုံးက မြို့တက်ကာ အလုပ်လုပ်တော့ လူကြီးနဲ့ကလေးတွေအများဆုံးသာ ကျန်နေလေသည်။
" သားရေ ပြန်လာပြီးလား ?"
သူပါ မနက်အစောကြီးလမ်းထလျှောက်မိလေသည်။ ဒီကိုရောက်တာတစ်ပတ်ကျော်ကျော်အတွင်းမှာ ကျန်းမာရေး လိုက်စားတဲ့လူ ဖြစ်နေချေသည်။
VOUS LISEZ
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။