" ပန်းအိုးကသေးတော့ တစ်ပွင့်ပဲထိုးလိုရမယ်ထင်တယ် "
ထယ်ယောင်းသည်ကျွန်တော့်အား ပေးတဲ့ကျုးလစ်ပန်းတွေထဲမှာအဝါရောင်ကအများဆုံးပင်။ ကျွန်တော်သည် အဝါရောင်ကို ကြိုက်သည် ။ အဝါရောင်လေးတွေကိုမြင်သည်နှင့် ကျွန်တော်အေးချမ်းမူကိုရလေသည်။ ဂျိုင်းပြတ်အင်္ကျီအဖြူရောင်လေးကို ဒူးလောက်ရှိတဲ့ဘောင်းဘီအမဲရောင်နဲ့တွဲ၀တ်ထားတဲ့ထယ်ယောင်းသည် ဆံပင်ကိုခနခနသတ်တင်နေလေသည်။ ကင်မ်ထယ်ယောင်းကို ကျောင်းကလူတွေပြောတာတော့ နတ်ဘုရားတဲ့။ အပြစ်အနာအဆာဆိုလို မြူတစ်မူန့်တောင်မရှိပဲ ချောမောခန့်ညားခြင်းကိုပိုင်ဆိုင်ထားတဲ့ နတ်ဘုရားတဲ့။ နောက်ထပ် တီးတိုးခေါ်ကျတဲ့ထယ်ယောင်းရဲ့နာမည်ပြောင်သည် နတ်ဆိုးတဲ့။ ဒီနာမည်ကိုကြားတုန်းက ကျွန်တော်ရီမိလေသည်။ ဆိုးတာ တော့အမှန်ပေမယ့် ကျွန်တော့်အတွက်ကတော့ ကလေးဆိုးတစ်ယောက်ဖြစ်နေလေသည်။
" မင်း..ငါ့ကိုကြည့်ပဲကြည့်မနေနဲ့ "
ထယ်ယောင်းလုပ်သမျှကိုကုတင်ပေါ်ကနေဘေးတစ်ခြမ်းစောင်းအိပ်ရင် ဂျီမင်ကကြည့်နေတာမို့ ထယ်ယောင်းကထိုသို့ပြောချင်သာ။ တကယ်တော့ ပန်းအိုးထဲကို ကျုးလစ်အဝါရောင်လေးထည့်နေတဲ့ ထယ့်ယောင်းရဲ့လက်အကြောလေးတွေမြင်နေရတာမို့ ဂျီမင်ထိုအ ကြောစိမ်းစိမ်းလေးကို ငေးကြည့်နေမိလေသည်။ လက်ချောင်းလေးက ရှည်သွယ်ပြီး လှနေလိုက်တာ | ဒါက ဂျီမင့်ကိုမနာလိုဖြစ်စေတာတော့အမှန်ပင်။ ထယ်ယောင်းအပြောကြောင့် ရှက်သလိုဖြစ်မိပေမဲ့
" နေမကောင်းတဲ့လူက မင်းလုပ်တာကိုကြည့်နေယုံအပြင်ဘာလုပ်ပေးရမှာလဲ ?။ ဘာလဲ ထလာပြီး မင်းနဲ့ဝိုင်းကူလုပ်ပေးရမှာလား "
" မရွဲ့နဲ့ ။ ပုဇွန်နဲ့ဆန်ပြုတ်လုပ်ထားပေးတယ် စားလိုက် ။ နေအုံး.. မထနဲ့ ငါယူလာပေးမယ် '"
ထယ်ယောင်းသည်အခန်းပြင်ထွက်သွားပြီး ငါးမိနစ်တောင်မကြာသေးတဲ့အချိန်မှာပဲ ပြန်ရောက်လာလေသည်။ ဂျီမင်ကတော့ ဘာမှတောင်မလုပ်လိုက်ရသေးပေ။ ဂျီမင်ရဲ့အတွင်းစိတ်ထဲမှာတော့ နေမကောင်းသာတစ်သက်လုံးဖြစ်ချင်လိုက်တော့သည်ဟု တွေးနေမိသည်။
STAI LEGGENDO
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။