၂၂

2.1K 243 30
                                    




အခန်းတံခါးခေါက်နေတာ ကြာနေပြီးဖြစ်ပေမယ့် အခုထိ လာမဖွင့်ပေးတဲ့လူကြောင့် ဟိုဆော့တစ်ယောက် ဖုန်းကိုထုတ်ကာ ခေါ်လိုက်လေသည် ။ ဒီတော့မှ အခန်းထဲကလူက တံခါးလာဖွင့်လေသည်။

" ဘာလိုတံခါးဖွင့်ဖို့ ဒီလောက်တောင်ကြာနေရတာလဲ ?"

ဂျီမင်သည် သူ့ကိုဘာမှမပြောပေ။ နွမ်းလျနေတဲ့မျက်နှာလေးသည် တော်တော်လေးကိုချောင်ကျနေလေသည်။ တစ်ပတ်လောက်ပဲမ‌တွေ့တာ ဂျီမင်သည် တော်တော်လေးကိုလည်း ပိန်သွားလေသည်။ တစ်ပတ်လုံးလုံး သူ့ခေါ်သမျှဖုန်းကို တစ်ရက်မှ မကိုင်ခဲ့ပေ။ နောက်ဆုံးတွေ့ရမယ့်ကိစ္စကရှိလာတော့လည်း လာတွေ့ရလေသည်။ ဂျီမင်ရဲ့တိုက်ခန်းကို သူ့ပထမဆုံး လာဖူးခြင်း‌ဖြစ်လေသည်။

" ဘာလဲ ?"

သူနဲ့ဆို မာမာထန်ထန်အမြဲပြောတက်တဲ့ဂျီမင်ရဲ့အသံလေးသည်အခုတော့ ခပ်တိုးတိုးရယ်နဲ့မာဆက်ဆက်နိင်နေလေသည်။ ဂျီမင်ရဲ့နူးညံ့တဲ့အသံကိုကြားရချင်ပါရင် ထယ်ယောင်းအနားမှာရှိဖို့တော့လိုအပ်လေသည်။ ဂျီမင်သည် ထယ်ယောင်းတစ်ယောက်အတွက်ပဲ နူးညံ့တက်တဲ့လူသားဖြစ်လေသည်။

" Videos ရထားတယ် "

ဟိုဆော့သည်လက်မှာကိုင်ထားတဲ့ စတစ် လေးကို ဂျီမင်ကိုပြလေသည်။ ဂျီမင်သည်ထိုမှာသာ သူ့ကိုအိမ်ထဲပေး၀င်လေသည်။ လည်ပိတ်၀တ်ထားပေမဲ့ လည်ပင်းထက်မှာ အညိုဖျော့ဖျော့လေး အကွက်လေးသေးသေးလေးကို သူ့သတိထားမိလိုက်လေသည်။  ထိုနေ့ညက ဘားကိုဂျီမင်လာခဲ့မယ်ပြောပေမယ့် ဂျီမင်သည် မရောက်လာခဲ့ပေ။ ထယ်ယောင်းလည်း အလောတကြီးဆန်စွာနဲ့ တစ်ယောက်တည်းကားမောင်းထွက်သွားတာကို သူ့တွေ့လိုက်လေသည်။ မဟုတ်မှ ထယ်ယောင်းကဂျီမင်ဆီကိုလာပြီး ...။

" မ၀င်ပဲနဲ့ဘာလုပ်နေတာလဲ ?"

ထိုသို့ပြောမှာ ဟိုဆော့တစ်ယောက်အခန်းထဲ၀င်လိုက်လေသည်။ စားပွဲပေါ်မှာ မြင်လိုက်ရတဲ့ဆန်ပြုတ်ပန်ကန်လေးရယ် ကော်ဖီထုတ်လေးတွေရယ် ကျုးလစ်ပန်းအဝါရောင်လေးတွေရယ် ။ ဒီဆန်ပြုတ်က ပါဆယ်ထုတ်ပဲ။ တစ်ယောက်ယောက်လာပို့ထားတာလား ? ။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Место, где живут истории. Откройте их для себя