တစ်ဝုန်းဝုန်းရွာချလာတဲ့မိုးရေတွေကြားမှာ သူ့မျက်ရည်တွေလည်းအထိန်းအကွက်မဲ့စွာ စီးဆင်းသွားလေသည်။ တကယ်ဆို ပြန်မလာတော့တာလည်းဖြစ်နိင်တယ်လေ။ သူကသာ ရူးကြောင်ကြောင်နိင်စွာနဲ့စောင့်နေခဲ့တာ ။ ချစ်သူနဲ့အတူပြန်သွားတာပဲ အခြားနေရာကိုသွားချင်လည်းသွားမှာပေါ့။ ဘာအကြောင်းကြောင့်များ ဒီလူကိုမှ မိုးရေထဲမှာ စောင့်နေမိပါလိမ့် ?...။
" ပတ်ဂျီမင်... "
ရွာချနေတဲ့မိုးသံနဲ့အတူပါလာတဲ့အသံသည် သူစောင့်နေတဲ့လူဖြစ်လေသည်။ ပြန်လာမယ်လို့ ထင်နေခဲ့တာပဲ တကယ်လည်းပြန်လာခဲ့တယ်။ ဒီလောက်ဆိုရပြီးလေ ။ သူစောင့်ရကြိုးနပ်ပြီးပေါ့။ ကားပေါ်ကနေဆင်းကာ သူ့ဆီကိုအပြေးလာနေတဲ့ထယ်ယောင်းကို ကြည့်ရင်
" ရူးနေလို့ မိုးရေထဲမှာနေနေတာလား ?"
သူ့ပုခုံးကိုခပ်ကြမ်းကြမ်းဆွဲလူပ်ရင် ထယ်ယောင်းကပြောလေသည်။ အခုချိန်မှာ သူကိုယ်ကနည်းနည်းလေးမှာ မရွေ့ချင်ပေ။ သူ့အားစိုးရိမ်တကြီးဖြစ်နေတဲ့ထယ်ယောင်းရဲ့မျက်နှာလေးကိုသာ ကြည့်နေမိလေသည်။
" မင်းပြန်လာမယ်လို ပြောထားလို့လေ "
" ရူးနေလား ...ငါ့ပြန်မလာရင်ဘယ်လိုလုပ်မလဲ ?။ ဒီလောက်အေးစက်နေတဲ့ခန္ဓာကိုယ်နဲ့ ငါပြောတဲ့စကားတစ်ခွန်းကိုယုံပြီး စောင့်နေတယ်ပေါ့။ အဲလောက်ထိ မတွေးတက်လောက်အောင် မင်းဦးနှောက်က စာကလွဲရင် ဘာမှအသုံးချမတက်ဘူးလား ?"
သူပုခုံးကိုလက်နဲ့ဖိညှစ်ထားရင် အပြစ်ရှိတဲ့လူတစ်ယောက်လို သူ့ကိုဆူနေလေသည်။
" အဲလိုပြောခဲ့တာ မင်းမို့လိုလေ ။ ငါအရူးလိုစောင့်နေတာ မင်းမို့လို့လေ "
ငါများပြန်သွားရင် မင်းများလိုက်ရှာနေမလားဆိုတဲ့အတွေး ။ အအေးဒဏ်မခံနိင်တဲ့မင်းက ငါ့ကြောင့်ဖျားသွားမလားဆိုတဲ့အတွေးနဲ့စောင့်နေခဲ့တာ။ အခုတော့ ငါရဲ့စောင့်ဆိုင်းခြင်းက မင်းကိုဒေါသထွက်စေခဲ့မှန်းမသိခဲ့ဘူး။
ဂျီမင်လည်း ပြန်အော်တော့ ထယ်ယောင်းသည်တစ်ချက်ငြိမ်သွားသည်။ ပြီးတော့မှ ဂျီမင်ရဲ့နှဖူးကိုစမ်းတော့ ဂျီမင်က လက်ဖယ်ထုတ်သည်။
VOCÊ ESTÁ LENDO
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanficသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။