" အချစ်သူရဲကောင်းလုပ်နေတာပဲ "
ဂျောင်ဟိုဆော့တစ်ယောက်ဒီကို ရောက်နေခဲ့တာကြာပြီးဖြစ်လေသည်။ စာကြည့်တိုက်ထဲကို ဂျီမင်၀င်လာတာလည်း သူတွေ့သည်။ နောက်မှ ထယ်ယောင်းရဲ့ရည်းစား၀င်လာတာကိုလည်း တွေ့လေသည်။ အကွာအဝေးက သိပ်နီးလွန်းတာကြောင့် ဂျီမင်တို့ပြောသမျှကို သူအကုန်ကြားနေရလေသည်။ သူ့ ပြောတဲ့စကားကိုကြားတော့ ဂျီမင်သည် သူ့အားမျက်မှောင်ကြုပ်ကာ ကြည့်လေသည်။ ဂျောင်ဟိုဆော့သည် သူ့အားထိုသို့အမြဲကြည့်တက်တဲ့ ဂျီမင်ကို ပြန်လည်ပြုံးပြမိသည်။ ဒီကောင်လေးကို သူတကယ်ခင်မိသည်။ ဒီကောင်လေးက သူ့ကိုမခင်ပေမယ့်လည်းပေါ့။
အိုယိုဂျင်းနဲ့စကားပြောပြီးလို့ အိုယိုဂျင်းကပြန်သွားတဲ့အချိန်မှာ ဂျောင်ဟိုဆော့ကတန်းရောက်လာတာပဲ။ ဒါမှမဟုတ် အစကတည်းက ဂျောင်ဟိုဆော့က
ဂျီမင်နားမှာရှိနေတာလား ?။ စာအုပ်ကိုဖတ်သလိုလုပ်ပြီး အိုယိုဂျင်းထိုင်သွားတဲ့နေရာမှ၀င်ထိုင်လေသည်။" မင်းက ဘယ်လိုရောက်လာပြန်ပြီးလဲ.. ?"
ဂျောင်ဟိုဆော့တစ်ယောက် သူ့နောက်ကိုလိုက်လွန်းနေတယ်လိုထင်တယ်။ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လေ။ မလိုမကျတဲ့မျက်နှာနဲ့ ဂျောင်ဟိုဆော့ကို ဂျီမင်ပြန်ကြည့်ပစ်ရင်
" စာကြည့်ခန်းထဲကို ဘယ်ကျောင်းသားမဆိုလာလိုရတယ်လေကွာ ။မင်းမရောက်ခင်ကတည်းက ငါကရောက်နေပြီးသား.."
" ဒါဆိုလည်း ကိုယ့်နေရာကိုယ်နေလေ "
" အသံတွေ ကြားနေရလိုလေ ။ရင်ထဲမှာငိုနေတဲ့အသံတွေထိပါကြားနေရလိုလေ "
" ဘာစောက်ရူးစကားလဲ... ?"
ဂျီမင်ရဲ့စကားကြောင့် ဂျောင်ဟိုဆော့ဟက်ဟက်ပက်ပက်ရီမိပြန်သည်။ ဂျောင်ဟိုဆော့ကရီလေ ဂျီမင်က ဂျောင်ဟိုဆော့ကိုသဘောမကျလေပဲ။
" ဒါကိုမင်းဆုံးဖြတ်ရမှာမဟုတ်ဘူးဂျီမင်..။ ကင်မ်ထယ်ယောင်းကဆုံးဖြတ်ရမှာ။ သူတောင်မတွေ့ချင်လိုရှောင်နေတာကို မင်းကအတင်းကိုပေးတွေ့နေတာ "
" မင်းနဲ့ငါ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်ပြောစရာမရှိဘူးထင်တယ် "
ВЫ ЧИТАЕТЕ
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Фанфикသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။