" ကိုယ်မသိဘူး ယူရီ "
ခပ်အက်အက်အသံနဲ့ စို့နစ်ကာပြောလိုက်တဲ့စကား။
" မသိပဲနဲ့ ဒီပစ္စည်းတွေကဒီကိုဘယ်လိုရောက်နေရတာလဲ..? "
ဂျီမင်တို့ရဲ့ အထည်ချုပ်စက်ရုံလေးမှာ တရား၀င်ခွင့်မပြုထားတဲ့နိင်ငံကအထည်အလိပ်တွေလည်း စစ်ဆေးရေးတွေလာတဲ့နေမှာ တွေ့ရှိသွားလေသည်။ ထိုမျှသာမကသေး။ ကိုးရီးယားရဲ့ ထိပ်တန်းကုမ္ပဏီ "Forever "ရဲ့ အသစ်ထွက်လာမယ့် လျို့ဝှက်ဒီဇိုင်းတွေကို ဂျီမင်တို့အဖေက ခိုးယူခိုင်းထားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရဲတွေရဲ့ဖမ်းခေါ်ချင်ကို ခံရလေသည်။ ရဲစခန်းမှာပဲရှိသေးတဲ့အနေအထားမို့ ဂျီမင်အမေကလည်း လာတွေ့လေသည်။
" နောက်ဆုံးတော့ ဒင်းကကျမတို့ဘ၀ပျတ် အောင်ထိကိုလုပ်ရက်တာပဲ "
ဂျီမင်အမေသည်ငိုလေသည်။ စက်ရုံမှာလည်းအလုပ်သမားတွေ အလုပ်ထွက်သွားသလို သူတို့နဲ့စပ်တူလုပ်ထားတဲ့ရှယ်ယာရှင်တွေလည်း ရှယ်ယာတွေကိုပြန်တောင်းနေလေသည်။ ရုတ်တရက်မြန်ဆန်လွန်းတဲ့အခြေအနေမှာ မင်ယူရီငိုယိုကလွဲရင်မတက်နိင်ပေ။ သက်သေခံပစ္စည်းတွေကလည်း တစ်ခါထဲကို ပူးတွဲတွေ့ရှိခဲ့လေသည်။
" ယူရီ ကိုယ့်ကိုယုံတယ်မဟုတ်လား ?"
" ယုံတယ် ကိုယ်မလုပ်ဘူးဆိုတာ ယူရီယုံတယ် ။ စိတ်မပူနဲ့နော် ယူရီအကောင်းဆုံးရှေ့နေ့ဌားပေးမှာ .."
" သားကော့ သားငယ်လေးကော့ "
" ဘေးအိမ်မှာအပ်ထားခဲ့တယ် "
" သားကို ဂရုစိုက်ပါယူရီ။ ပြီးတော့သားကြီး၀မ်းနည်းရသလို သားငယ်ကိုပါအဲလိုဖြစ် အောင်မလုပ်ပါနဲ့... "
" ကျမအတ္တကြီးမိသွားလား အကို...!! "
" အတ္တဆိုရင်တောင် သားကြောင့်ဖြစ်တဲ့အတ္တမို့ဖြူစင်ပါတယ်။ ပြီးတော့ ကိုယ်တို့ဒီလိုဖြစ်အောင်လုပ်တဲ့လူကို ရှာပေးပါ.."
" မပူနဲ့ အကိုဒီမှာအကြာကြီးမနေစေရပါဘူး "
မင်ယူရီတစ်ယောက် အပြစ်ကင်းကြောင်း သက်သေလိုက်ရှာနေတုန်းမှာပဲ ဂျီမင်အဖေပတ်ချန်းဟိုတစ်ယောက် ထောင်ထဲကိုရောက်သွားနှင့်လေသည်။
BẠN ĐANG ĐỌC
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။