" ဟိုဆော့ ပြော.."
" အခုချက်ချင်းပြန်လာခဲ့ "
ထယ်ယောင်းအိပ်ပျော်နေတုန်း Market ထဲမှာ လိုတာတစ်ချို့ လာ၀ယ်မိလေသည်။ အပြင်ထွက်လက်စနဲ့ အိမ်ကိုအရင်ပြန်ကာ သန့်ရှင်းရေး လုပ်ပြီးမှသွားတော့ အိမ်မှာ ဖုန်းက ကျန်ခဲ့လေသည်။ ဈေး၀ယ်ပြီးလို့ စားစရာတစ်ချို့ ချက်ပြုတ်ပြီးတော့မှာ ဖုန်းကို လိုက်ရှာတော့ ဟိုဆော့က အများကြီးခေါ်ထားလေသည်။ ဒါကြောင့်မို့ ဂျီမင်ပြန်ခေါ်ရတာဖြစ်လေသည်။ အကြောင်းတစ်ခုခုရှိရင် ဖုန်းဆက်ပါလို မှာထားမိလို့ပဲ။
" ဘာလို့လဲ ...ဘာဖြစ်လို့လဲ ?"
ပစ္စည်းတွေယူပြီးထွက်လာမလိုပါပဲ။ ဟိုဆော့ရဲ့စကားကြောင့် ဂျီမင်အထိတ်တလန့်ဖြစ်ရလေသည်။ထယ်ယောင်းများ တစ်ခုခုဖြစ်လို့လား... ? ။
" မင်းလူက ပြသာနာရှာနေတယ်။ အိမ်ပြန်သွားတယ်လို့ပြောတာတောင် မင်းပြန်မလာတော့ဘူးပဲ ထင်နေတာ ...ငါပြောတာကို မယုံဘူး "
" ....."
" ဘာလို့ အသံတိတ်သွားတာလဲ ...?"
ဟိုဆော့တစ်ယောက် စိတ်ဆိုးတဲ့အသံနဲ့ ဂျီမင့်ကို ပြောနေလေသည်။ မပြောပဲ လာမိတာကို ထယ်ယောင်းဒီလောက်ထိ ဖြစ်နေမယ်ဆိုတာကို မထင်ခဲ့ပေ။ ခြေထောက်က အထိအခိုက်အများဆုံးဖြစ်တာကြောင့် လမ်းလျှောက်ဖို့က မဖြစ်နိင်သေးဘူးလို့ ဆရာ၀န်က ပြောထားတာကြောင့် ထယ်ယောင်းက အောက်ပိုင်းသေသွားပြီးလိုပဲ ထင်နေလေသည်။ အဲ့အတွက်လည်း မနေ့ကတစ်နေ့လုံး သူ့မှာ'ဘာမှမဖြစ်ဘူး' ဟူ၍ ဖြောင်းဖျထားလေသည်။
" ရှိတယ် ..အခုလာပြီး ။ မင်းခနလောက် နေပေးအုံး "
အိမ်ကနေ ထွက်လာတော့ ထယ်ယောင်းရဲ့ ဒါရိုက်ဘာက အသင့်စောင့်ပေးနေလေသည်။ ဆေးရုံကိုပဲ ချက်ချင်းတန်းမောင်းပြီး စတော်ဘယ်ရီကိတ်လေးတောင် မ၀ယ်ဖြစ်တော့ပေ။ နောက်မှာပဲ မှာလိုက်တော့မယ်လို့ တွေးလိုက်လေသည်။ ကားပေါ်က ဆင်းပြီးသည်နှင့် ခပ်မြန်မြန်ပဲ အခန်းထဲကို သွားရလေသည်။ အရေးကြီးပါတယ်ဆိုမှာ Liftထဲမှာလည်း လူက ပြည့်နေသေး၏။
" အခုမှ လာရလား... ?"
အခန်းရှေ့မှာပဲ ရပ်စောင့်နေတဲ့ ဟိုဆော့သည် သူ့ကိုကြိမ်းမောင်းနေလေသည်။ ဟိုဆော့ပြောတာကိုတောင် ဂရုမစိုက်နိုင်ပဲအထုတ်တွေကို ဆွဲရင်းနဲ့ အခန်းထဲ၀င်မလိုလုပ်တော့
BẠN ĐANG ĐỌC
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။