1.9K 247 9
                                    

" ထယ်ယောင်းမလာတော့ မင်းတစ်ယောက်ထဲမဟုတ်လား ..?"

ထယ်ယောင်းနဲ့ဂျီမင်ကအခန်းမတူသောကြောင့် ဂျီမင်သည်ထယ်ယောင်းအခန်းအား ခနခနသွားချောင်းကြည့်လေသည်။ဒီနေ့ဆို ထယ်ယောင်းမလာတာ နစ်ရက်ရှိပြီးလေ။ စတော်ဘယ်ရီသကြားလုံးတွေလက်ထဲမှာ ထယ်ယောင်းကိုပေးဖို့အတွက်ကိုင်ထားလေသည်။

" .....""

ဂျီမင် ဝူယောင်းအားစကားမပြောပေ။ ဝူယောင်းက အရင်တုန်းကလိုမဟုတ် လိုက်လိုက်စလေသည်။ တစ်ခါ‌တစ်လေ သူ့ကိုအနိင်ကျင့်ကာ မုန့်တွေ၀ယ်ခိုင်းတက်သည်။ ဂျီမင်တို့အခန်းထဲမှာ ဝူယောင်းကအကောင်အကြီးဆုံးပဲလေ။ ဝူယောင်းကို တစ်ခန်းလုံးက ကလေးတွေကြောက်ကြလေသည်။ အခုချိန် ထယ်ယောင်းမရှိတာမို့ ဂျီမင်က ဝူယောင်းအတွက်ပစ်မှတ်ဖြစ်နေလေသည်။

" ဟား ...ထယ်ယောင်းအရုပ်က စကားမပြောတက်ဘူးပဲ "

ဝူယောင်းကခါးထောက်ကာဆိုလာလေသည်။ ဂျီမင်သည် ဝူယောင်းကိုမသိသလိုပုံစံနဲ့ အရှေ့ကို ကျော်ကာဆက်သွားတော့.. ။

" အခန်းကလူတွေကပြောနေကြတယ် မင်းကထယ့်ယောင်းရဲ့ကျွန်ဆို.."

" မဟုတ်ဘူး "

ဂျီမင်ချက်ချင်းကို ခေါင်းကိုခါကာဖြေလိုက်လေသည်။ ထယ်ယောင်းက သူ့သူငယ်ချင်း။ ကျွန် ..ကျွန်ဆိုတာ သူကြည့်တဲ့ရုပ်ရှင်ကားကလိုမဟုတ်လား ?။

" ဟုတ်လိုပေါ့ကွာ ထယ်ယောင်းပါးစပ်က မင်းကို သူပိုင်တယ်ဆိုပြီးခနခနပြောတာ "

" ဒိုင်နိုက .."

" ထယ်ယောင်းက ချမ်းသာတယ်လေ ။ မင်းက ထယ်ယောင်းနားအမြဲကပ်နေပြီးထယ်ယောင်းပေးတာယူနေတော့ သူ့ကျွန်ပေါ့ "

ထိုသို့စကားကြားတော့ နုနှယ်သည်နှလုံးသားက အခြားအရာမတွေးနိင်ပဲ ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုသာ ရှေ့တန်းတင်မိတော့ မျက်လုံးအိမ်ထဲက မျက်ရည်တို့သည်ထွက်ဖို့သာ တာဆူလေသည်။

" မဟုတ်ဘူး "

" ငါကော့ပိုင်လိုရမလား ငါမင်းကိုသဘောကျတယ်လေ။ ငါနဲ့အတူဆော့ပေးရင် မင်းလိုချင်တာ ငါ၀ယ်ပေးမယ် "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Tempat cerita menjadi hidup. Temukan sekarang