Ep.4

501 39 5
                                    

{Unicode}

ပွဲဦးထုတ်တဲ့ထဲ မပါနိုင်ခဲ့ပေမယ့် ကုမ္ပဏီ စာချုပ်မကုန်ဆုံးသေးတဲ့အတွက် ထယ်ယောင်း ကုမ္ပဏီကထွက်ခွင့်မရှိသေးပင်။ထယ်ယောင်းကိုယ်တိုင်လည်း မထွက်ချင်ဘူး။ကိုယ်တိုင်က အနုပညာသမားတစ်ယောက်မဖြစ်ခဲ့ရင်တောင် အနုပညာအငွေ့အသက်လေးတွေရှိတဲ့နေရာမှပဲနေချင်တယ်။နောက်ဆုံးကျန်ရှိတဲ့ မျှော်လင့်ချက်အပိုင်းအစလေးပေါ့။

စိတ်ဓာတ်ကျတာတွေကြောင့် ဒီရက်ပိုင်း လူကမရွှင်မလန်းနဲ့ဖြစ်ပြီး အစားပါသိပ်မစားဖြစ်တာကြောင့် ဝိတ်တွေတောင်အတော်ကျလို့ ပိန်လာသည်။Dance Practice Room ကိုလည်း မသွားတဲ့နေ့မရှိ။ကျောင်းဆင်းတာနဲ့သွားပြီး တစ်ညလုံး အဲ့မှာပဲနေဖြစ်တယ်။သူဒီလိုတွေ လေ့ကျင့်နေရတာကို သိပ်သဘောကျပါတယ်လေ။ဒီနေ့တော့ ကျောင်းပိတ်ရက်မို့ တစ်နေကုန်နေဖို့သာ ဆုံးဖြတ်ထားသည်မို့ Dance Practice Room ဆီသို့ သွားဖို့ပြင်လိုက်သည်။ထို့နောက် နားကြပ်လေးတပ်ကာ သူ့ကိုသူနှစ်သိမ့်နိုင်ဖို့အကောင်းဆုံးသီချင်းကိုနားဆင်လိုက်သည်။

"Uhgood" တဲ့ သီချင်းနာမည်က။အခုချိန်သူ့ခံစားချက်နဲ့ကွက်တိကျနေသလိုပင်။ "လုပ်သလိုဖြစ်မလာဘူးဆိုတာ အရမ်းခံစားရတဲ့အရာပဲ။မင်းမခံစားဖူးရင် သိမှာမဟုတ်ဘူးတဲ့" သီချင်းစာသားလေးက။ငါဒီထက်ပိုပြီးလုပ်သင့်တယ် ငါဒီလိုလုပ်ခဲ့သင့်တယ် ရှုံးနိမ့်သွားမယ့်အစား သေလိုက်တာမှပိုကောင်းဦးမယ် ဒီစကားတွေကိုသုံးပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ကြတယ်တဲ့။ဘဝမှာရှင်သန်နေရင်းနဲ့ပဲ B ရနိုင်တယ်ဆိုတာလည်းရှိကြတယ်။နေ့စဉ်ဆက်တိုက် မိုးတွေရွာတာမျိုးလည်း ဖြစ်နိုင်တယ်။သဲကန္တရထဲမှာဆိုရင်တောင် မိုးတွေရွာလာနိုင်သေးတာပဲ။ဒါပေမယ့် ငါဘယ်တော့မှလက်လျော့မှာမဟုတ်ဘူးတဲ့။စိတ်ကူးနဲ့လက်တွေ့က အရမ်းကွာခြားနေလို့ ငါဒါတွေကိုဖြတ်ကျော်ပြီး ငါကိုယ်ငါရှာဖွေချင်တယ်တဲ့။တကယ့် ငါအစစ်မှန်ကိုတဲ့။ထယ်ယောင်း ဒီသီချင်းလေးကိုပဲ repeat လုပ်ပြီးထပ်ခါထပ်ခါနားထောင်နေမိတယ်။

Practice Room ထဲကိုရောက်တော့ နားထဲက နားကြပ်လေးကိုထုတ်ပြီး ပါလာသော လွယ်အိတ်လေးထဲသို့ပြန်ထည့်လိုက်သည်။ထို့နောက် သူ့လုပ်စဉ်အတိုင်း အကြောလျော့ဖို့ စတင်သည်။ထိုအချိန်တွင် တစ်ယောက်ယောက်ဝင်လာသံကြားတာမို့ ထယ်ယောင်း လှည့်ကြည့်လိုက်တော့ ဆွန်းဒေါ့ ဖြစ်သည်။လက်ထဲတွင်လည်း အထုပ်တွေအထုပ်တွေဖြင့် မနိုင်မနင်းသယ်ကာဝင်လာတော့သည်။

WHO ARE YOU?Where stories live. Discover now