Ep.15

520 53 2
                                    

{Unicode}

ထယ်ယောင်း ကပွဲရုံကိုနေ့တိုင်းလိုလို သွားဖြစ်နေသည်။အခုလည်း ကပွဲရုံမှာပင်။ မိုးလင်းတာနဲ့ ကပွဲရုံကိုတန်းသွားပြီး ညဘက်မိုးချုပ်လောက်မှ အိမ်ပြန်ဖြစ်သည်။ဆိုင်ကိုတော့ အယ်လီ ဆီခဏအပ်ထားရတယ်။မဟုတ်ရင်တောင် သူဘာမှမလုပ်တတ်တာမို့ ဆိုင်သွားလည်း တစ်နေကုန် ထိုင်နေရတာပဲ အဖက်တင်တယ်လေ။

"စီနီယာ ယောင်းဝူ! အာ.... ဟာဒမ်"

ဒုက္ခပါပဲ ဒီနာမည်ပဲခေါ်ခေါ်မိနေတယ်။

"မစ္စတာ ကင်မ် ရောက်ပြီလား"

"ဟုတ်ကဲ့ အခုလေးတင်ပဲ ရောက်တာ....ဟာဒမ်"

"ပွဲက မနက်ဖြန်စတော့မှာ အဆင်သင့်ဖြစ်ပြီလား"

"အင်း နည်းနည်းတော့ စိတ်လှုပ်ရှားမိသား"

သူ တကယ်လည်း အခုတည်းက စိတ်တွေလှုပ်ရှားနေတာ။ပထမဆုံး လူအများကြီးရှေ့မှာ ပြီးတော့ တစ်ယောက်တည်း ဖျော်ဖြေရမှာ။တွေးလိုက်တိုင်း နှလုံးခုန်တွေကမြန်လာတယ်။

"စိတ်အေးအေးထားပါ ကျွန်တော်ပွဲထဲရှိနေမှာပါ"

"ဟုတ် ဟုတ်ကဲ့ပါ"

"ဟို ဒါနဲ့ ကင်မ်က ကော်ဖီဆိုင်လေး ဖွင့်ထားတယ်ဆို"

"ဟုတ်ပါတယ် ဒါနဲ့ဘယ်လိုသိတာလဲ"

"ဒီအတိုင်းပါပဲ ကျွန်တော် လာလို့ရတယ်မလား"

"ရတာပေါ့ ဒါပေါ့ လာခဲ့ပါ"

ယောင်းဝူ....ဟာဒမ် နာမည်ပဲပြောင်းသွားပေမယ့် စီနီယာ ယောင်းဝူပုံစံ တစ်ပုံစံတည်းပဲ။သူ့ကိုပြုံးတဲ့အပြုံးတွေကအစ အပြုအမူတွေအဆုံး စီနီယာယောင်းဝူ နဲ့တစ်ထပ်တည်းပဲ။ထယ်ယောင်းကို အဲ့လိုခံစားမိစေတယ်။

************

မနက်ဖြန်ပွဲမှာ အမှားလုပ်မိမှာကြောက်နေတာမို့ ထပ်ခါထပ်ခါ လေ့ကျင့်နေမိတယ်။ဒီလိုနဲ့ပဲ အချိန်က ည 8 နာရီတောင် ရောက်ရှိသွားပြီ။

ထယ်ယောင်း ကပွဲရုံထဲမှ ထွက်လာလိုက်ပြီး အိမ်သို့ပြန်ရန်အတွက် အနီးနားတစ်ဝိုက်မှာ ကားများဝေ့ဝဲကာရှာကြည့်လိုက်သော်လည်း ကားအရိပ်တောင်မတွေ့တာမို့ ထယ်ယောင်း ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။

WHO ARE YOU?Where stories live. Discover now