{Unicode}
ရုတ်တရက်အသက်ရှူတွေကြပ်လာပြီး မျက်လုံးတွေဝေဝါးလာသည်။သူအခုဘယ်ကိုရောက်နေတာလဲ။ယောက်ယက်ခတ်လာသော စိတ်တွေနှင့်အတူ အတွေးပေါင်းများစွာထဲ မနေ့ညက ဖြစ်ရပ်ကိုအသည်းသန်ပြန်စဉ်းစားမိသည်။ဆွန်းဒေါ့နဲ့စားရင်းသောက်ရင်းစကားပြောပြီး အကလေ့ကျင့်ရန် အခန်းအား သန့်ရှင်းရေးလုပ်နေတာအပြင်ဘာမှမရှိခဲ့။ထိုးကိုက်လာသောခေါင်းတွေနဲ့အတူ မေ့မျောသွားခဲ့တာ ပြန်နိုးထလာတော့ 1963 ခုနှစ်တဲ့။
တင်းကြပ်လာသော ရင်တစ်စုံ။စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းတဲ့ခံစားချက် အလုံးစုံဟာ ထယ်ယောင်းရင်ထဲပြည့်ကြပ်နေသည်။တစ်ဆက်တည်း အံ့ဩရပါသေးတယ်။ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို တကယ့်လက်တွေ့မှာလည်း time travel ဖြစ်သွားတယ်ဆိုတော့ အရမ်းကိုဆန်းကြယ်လွန်းတယ်။သူဒီလိုဘဝနဲ့ဘယ်လိုဖြတ်သန်းရမှာလဲ။အမေ ကလည်း သူ့အမေနဲ့တစ်ပုံစံတည်း ပြောင်းလဲသွားတာဆိုလို့ အပြုံးချိုချိုလေးတွေရှိလာပြီး နူးညံ့နေတာ။ရင်ထဲအရမ်းလေးနေတယ်။ခေါင်းတွေကလည်း ကိုက်နေတာအခုထိမပျောက်သေး။ထိုအချိန်တွင် တံခါးခေါက်သံကိုထယ်ယောင်း ကြားလိုက်ရသည်မို့ တံခါးဝသို့လှမ်းကြည့်နေမိတော့။
"ဟမ်!"
တံခါးခေါသ်သံနှင့်အတူ သူစိမ်းယောက်ျားတစ်ယောက်ကသူ့အခန်းထဲသို့ဝင်လာပြီး သူ့ဆီသို့တန်းတန်းမတ်မတ်လျှောက်လာသည်မို့ ထယ်ယောင်း လန့်သွားမိသည်။
"သက်သာနေပုံပဲ"
"ဟမ် အင်း အင်း"
သူဘယ်သူလဲ ထယ်ယောင်းမသိ။မေးလာပုံအရ အရမ်းကိုရင်းနှီးသူဖြစ်ပုံရပေမယ့် သူက ဒီကကင်မ်ထယ်ယောင်းမှမဟုတ်တာ ထိုလူအားမသိ။ချောမောလွန်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီး ပုံစံကျသောမေးရိုး ကအရမ်းကိုဆွဲတောင်မှုရှိသည်။ထယ်ယောင်း ထင်မှတ်မိလိုက်တာ ထိုလူက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေမယ်ဆိုတာကိုပင်။
"မင်းဘာလို့ငါ့နောက်လိုက်လာတာလဲ"
"ဘာကြီး?"
"မင်းက ဟန်ဆောင်ရတာကိုသိပ်နှစ်ခြိုက်နေတာပဲ"
"မင်းဘာတွေပြောနေတာလဲ?"
YOU ARE READING
WHO ARE YOU?
Fanfiction"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"